Doubt - 5

161 32 6
                                    


Unicode

" အဆောင်မှာ ခဏနားဦးမယ်နော် Namjoon.."

နေ့လည် Seminar ပြီးလို့ ပြန်ထွက်တာနဲ့ Hoseok က ခပ်တိုးတိုးကပ်ပြောတာမို့ Namjoon ခေါင်းညိမ့်ပြလိုက်သည်။ စိတ်ပါဝင်စားတဲ့အရာဆို စိတ်နှစ်ပြီး
ကြိုးစားတတ်သူက စိတ်ရောလူပါ ပင်ပန်းသွားပုံ...

" Ulsan Museum မသွားတော့ပဲ Whales
Museum ပဲသွားမယ်လေ... မင်း ကောင်းကောင်း
နားရအောင်... "

" Ulsan museum ပဲသွားမယ်... ဝေလငါးတွေ
နောက်တစ်ခေါက်ပေါ့... မင်းလိုက်ပို့မယ် မဟုတ်
လား..."

" ကိုယ့် ရည်းစား ကိုယ်ပို့ခိုင်း... "

" သူ့ကို ငါဖြင့်မပိုင်ဘဲ... "

ခုချိန်ထိ ကြောက်ရွံ့နေတဲ့ Hoseok... ' မင်း မပိုင်ပေမဲ့ ဟိုကအပိုင်ကြံနေလောက်ပြီ ' လို့သာပြောလိုက်ချင်
သည်... Namjoon မှာတော့ Hoseok အတိတ်ကို ပြန်တွေးမှာ စိုးရိမ်ပြီး Yoongi Hyung Korea ကို
ပြန်ရောက်နေတာ မပြောရဲ... အဆောင်ပြန်ရောက်တာနဲ့ Hoseok က coat နဲ့ ဖိနပ်ကိုချွတ်ကာ ကုတင်
ပေါ် တန်းလှဲသည်။

" ၁၀ မိနစ် ပဲ Namjoon... မင်း ရေချိုးခန်း မဝင်
ခင် ငါ့ကိုနိုး..."

ပြောပြီး ခေါင်းချကာ အိပ်ပျော်သွားသူက မနက် ၂နာရီထပြီးစာဖတ်နေခဲ့တာ... Hoseok ကို မနှောင့်ယှက်ချင်တာမို့ Namjoon ဖုန်းယူကာ အပြင်ထွက်လိုက်သည်။ Yoongi Hyung အသံကြားချင်တော့လဲ
ဖုန်းဆက်ရမှာ Namjoon တာဝန်...

" Hello Joon... ခဏ အပြင်ထွက်လိုက်ဦးမယ်.."

ပြေးထွက်သွားပုံရတဲ့ အသက်ရှူသံကို ကြားရသည်။

" အင်း ပြော Joon... Seminar ပြီးပြီလား..."

" ဟုတ် ပြီးသွားပြီ... ခုတင် ပြန်ရောက်တာ...
နေ့လည်စာလည်း မစားရသေးဘူး..."

" ၁ နာရီတောင်ရှိပြီ ထမင်းအရင်သွားစားတာ
မဟုတ်ဘူး..."

" ခဏနေအပြင်ထွက်ရင်းစားမှာ... ပွဲမှာ
မုန့်နည်းနည်း စားထားကြသေးတယ်..."

" ငါ မင်းကိုတွေ့ချင်တယ် Joon... "

" ကျွန်တော်ရောပဲ... ပြန်ရောက်ရင် Hoseok ကို
အိမ်ပြန်ပို့ပြီးတာနဲ့ Hyung ကိုလာတွေ့မယ် ..."

Doubt Where stories live. Discover now