792 51 11
                                    

[ Unicode ]

​မိုး​ရေတို့ကို မညှာမတာ ရွာသွန်းဖြိုး​နေ​စေတဲ့ ​ကောင်းကင်ပြင်ကို Haechan မ​ကျေမနပ်ကြည့်​နေမိတယ်။

  ပါးပြင်ကို လာ​ရောက်သက်စင်​တဲ့ မိုး​စက်မိုး​ပေါက်တို့ကို မသုတ်ပစ်မိသေးဘဲနဲ့​ပေါ့။

"  အစ်မ ဘာ​ပြောလိုက်တာလဲ။​နောက်​နေတာလား "

" ​တို့ တကယ်​တောင်းပန်ပါတယ် ​မောင် "

" ​စေ့စပ်ပြီးသားသူရှိပါလျက်နဲ့ ကျွန်​တော်နဲ့တွဲခဲ့တယ်​ပေါ့။ အစ်မ ကျွန်​တော့်ကို ညာခဲ့တာပဲ "

" ​တို့ ​မောင်ကိုချစ်လွန်းလို့ မ​ပြောပြခဲ့မိတာပါ။တို့ သူ့ကိုမချစ်ဘူး။မောင် တို့ကို လက်ထပ်ပါလားဟင် "

" ကျွန်​တော် ပထမနှစ်ပဲရှိ​သေးတယ်​လေ။ဘွဲ့​တောင်မရ​သေးဘဲနဲ့ ကျွန်​တော် အစ်မကိုဘယ်လိုလုပ်လက်ထပ်မှာလဲ။ ​နောက်ပြီးကျွန်​တော့်ကို လိမ်ညာပြီးတွဲခဲ့တဲ့အမျိုးသမီးတစ်​ယောက်ကို ကျွန်​တော် ထပ်မယုံကြည်နိုင်ဘူး "

" ​တို့မ​ပြောပြမိခဲ့တဲ့အတွက် ​တောင်းပန်ပါတယ်။ ​ကျေးဇူးပြုပြီး တို့နဲ့လမ်းမခွဲပါနဲ့ ​မောင်ရယ် "

" ကျွန်​တော်တို့ ဇာတ်လမ်းကို အဆုံးသတ်ကြတာ​ပေါ့ Kim Yujeong "

အသည်းကွဲ​နေတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင်
မိုး​ဒေဝါဟာ သည်းကြီးမည်းကြီးရွာသွန်းဖြိုး​နေ​လေရဲ့။

ဟုတ်တယ်။ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ချစ်သူနဲ့ လမ်းခွဲခဲ့တဲ့Lee Haechan ဟာ အသည်းကွဲ​နေတယ်။

ဒါဟာ ရှက်​ကြောက်စရာမဟုတ်တဲ့အတွက် ချစ်သူ​ဟောင်းကို သတိရမိတဲ့သူ့ကိုယ်သူ အပြစ်မတင်မိပါဘူး။ ချစ်သူ​ဟောင်းအ​​ပေါ် အတိုင်းအတာတစ်ခုအထိ​တော့ ချစ်ခဲ့ပါတယ်ဆိုတဲ့ သက်​သေပဲ​လေ။

ခပ်​သေး​သေးစား​သောက်ဆိုင်​ရှေ့ ခဏဝင်ရပ်ပြီး မိုးခို​​နေတာ မိနစ်ပိုင်း​လောက်ကြာ​သွားပြီဖြစ်​တော့ ဆိုင်ရှင်လင်မယားနှစ်​ယောက်က မျက်စောင်းထိုး​နေပြီ။

ဒါ​တွေကိုလည်း သိပ်ဂရုမပြုနိုင်​သေးဘူး။

" အာ မိုးကမစဲနိုင်​​တော့ပါလား "

That's So UsWhere stories live. Discover now