[ Unicode ]
" ကိုယ့်ရဲ့ အပြုအမူ၊ အထောက်အပံ့ဟာ တစ်စုံတစ်ယောက်အတွက် ကောင်းကျိုးဖြစ်ထွန်းစေရင် ဝမ်းသာပီတိဖြစ်ရမယ် " ..တဲ့။
Renjun ကလေးဘဝကတည်းက မေမေဟာ သည်လို ဆုံးမလာခဲ့ပြီး အားလပ်ရက်တွေမှာလည်း လုပ်အားပေးအဖြစ် မကြာခဏ လုပ်စေခဲ့ဖူးတယ်။
သို့သော်ငြား Renjun ဘဝမယ် .. တစ်စုံတစ်ယောက်ရဲ့ ဟန်ဆောင်ရည်းစားအဖြစ် လုပ်အားပေးရမယ်လို့တော့ ဘယ်သောအခါကမှ မစဥ်းစားခဲ့ဖူးရိုး အမှန်ပါ။
အဲ့သည်အကြောင်း .. အဲ့သည်အကြောင်းကို ထပ်တွေးလိုက်ရင်ဖြင့်
" အား .. သေပါပြီ "
ထမင်းစားနေရင်း လျှာကိုက်မိသွားသလို ရှုံ့မဲ့မဲ့ မျက်နှာပေးနဲ့ ခပ်စူးစူးအော်လိုက်တာကြောင့် နားစည်တွေပါ ပေါက်ကွဲထွက်တော့မလို။
" အော်မနေနဲ့ Lee Donghyuck ။ အရှက်ကို
မရှိဘူး "Haechanရဲ့ လုပ်ရပ်တွေကို ပြန်စဥ်းစားလိုက်၊ နံဘေးကနေ ကပ်ပါလာသူရဲ့ ကျောပြင်ကို ထုထောင်းလိုက်နဲ့ အိမ်ပြန်လမ်းထက်မှာ သံသရာလည်နေသော်ငြား Haechan ဟာတော့ ငြိမ်ကျနေလေရဲ့။
မငြိမ်လို့လည်း မရဘူးလေ။ အပြစ်လုပ်ထားတာ Renjun မှ မဟုတ်ဘဲ။
ဘယ့်နှယ် ရွေးချယ်စရာလူရှားလို့
Renjunလက်ကိုဆွဲပြီး .. " ကျွန်တော့်ချစ်သူက ဒီကောင်လေးပဲ " တဲ့လား။ဟန်မဆောင်နိုင်လောက်အောင် ကွပ်ခနဲမျက်နှာပျက်သွားပြီး Renjunကို အကဲခတ်သလိုကြည့်နေတဲ့ အဲ့သည်အမျိုးသမီး Kim Yujeongရဲ့ မျက်လုံးတွေကိုလည်း အခုထိ မြင်ယောင်နေသေးတယ်။
Renjun သိတာပေါ့။
သူမ မျက်လုံးတွေစုံရပ်က ပါဝါထူပိန်းလွန်းနေတဲ့ Renjunရဲ့ မျက်မှန်ဝိုင်းကြီးရယ် ..၊ ထင်သာလွန်းနေတဲ့ ပါးပြင်နှစ်ဖက်ထက်က freckles တွေရယ်ဆီမှာလေ.. ။
ဘယ်လိုစိတ်ကူးနဲ့များ Renjunလို ကောင်လေးတစ်ယောက်ကို ချစ်သူလို့ပြောထွက်ရက်သလဲလို့ အဲ့သည်အမျိုးသမီး စဥ်းစားနေလောက်မယ်ဆိုတာ ဗေဒင်မေးစရာမလို။