346 43 18
                                    

[ Unicode ]

ပါတီတဲ့ ... ။

အ​နေ​အေးပြီး အများသူငှာ​တွေနဲ့​ရော​နှောမ​နေတတ်တဲ့  Renjun က ပါတီပွဲ​တစ်ခုကို ​ရောက်လာရမယ်လို့တစ်ခါမှ မ​တွေးထင်ခဲ့ဖူးဘူး။

ဒါ​ပေမယ့်လည်း လူသား​တွေဆိုတာ ကိုယ်သ​ဘောကျမိတဲ့သူ​တွေအတွက် တစ်ခါတစ်ရံမှာ​တော့ ​ပြောင်းလဲတတ်ကြတာပဲ​လေ။

ဆို​တော့ Lee Haechan ရဲ့ သတင်း​ပေးပို့မှုအရ Jaeminဟာ သည်ပါတီပွဲကို ​ရောက်လာမှာတဲ့။

အမှန်တကယ်လည်း ရုပ်ရှင်​တွေထဲကလို မီး​ရောင်စုံလင်းပြီး ဒီ​ဂျေသံ ဒိတ်ဒိတ်ကြဲ​နေတဲ့ ​အခန်းကိုကြည့်ရင်း Renjun ​ခေါင်း​တောင် ကိုက်ချင်လာသလို။

​သေချာပြန်စဥ်းစားကြည့်ရင် သူဟာ ရူးနှမ်း​လွန်းရာ ကျ​နေတယ်မဟုတ်လား။

Na Jaemin ကို သည်​နေရာမှာ​တွေ့မြင်ရရင်​ရော ဘာလုပ်နိုင်မှာတဲ့လဲ။ ​ပြေးဖက်ပစ်ရမှာလား။ ရည်းစားစကား သွား​ပြောရမှာလား။

သူနဲ့ မရင်းနှီးပါ​သေးတဲ့ Haechanကို ရှာဖို့ရန် မျက်စိ​ဆော့ကစား​နေချိန်မှာပဲ ​ကျောကုန်း​ဘက်ဆီက​နေ အရာတစ်ခုကို ခံစားလိုက်ရတယ်။

အရည်တစ်ခုခု ​မှောက်ကျသလို ခံစားချက်မျိုး။

အလျင်အမြန်ပဲ လှည့်ကြည့်လိုက်​တော့ ..

" တကယ်​ ​တောင်းပန်ပါတယ်။ မူး​နေတဲ့လူတစ်​ယောက်ထင်တယ်။ တွန်းတိုက်သွားလို့  ဝီစကီ​တွေ ​မှောက်သွားတာ "

ပြာပြာသလဲဖြစ်​နေတဲ့ ​တောင်းပန်သံ​တွေကို သူဂရုမပြုမိ​သေးဘူး။ Renjun အာရုံစိုက်​နေတာဟာ သူ့မျက်စိ​​ရှေ့က Na Jaemin မျက်နှာကိုပဲ။

အနီးကပ်မြင်​ရတော့မှ Na Jaemin ဟာ ဘယ်လောက်ခန့်ညားမှန်း ပို​ပေါ်လွင်လာတယ်။

" ဒီမှာ .. "

ဘယ်​လောက်​တောင် ​​ငေးကြည့်​နေမိမှန်း သတိမထားမိတဲ့အချိန်မှာပဲ Jaemin ဟာ သူ့ပခုံးကို အသာတို့ထိလာ​လေရဲ့။

" ဟင် .. ဘာ​ပြောလိုက်တာလဲ "

" တီရှပ်​ပေါ် ဝီစကီ​တွေဖိတ်သွားတာ အဆင်​ပြေရဲ့လားလို့​မေးလိုက်တာပါ "

That's So UsWhere stories live. Discover now