397 50 13
                                    

[ Unicode ]

​ဖတ်​နေတဲ့စာအုပ်က Haechanအတွက် တစိုးတစိ​လေး​တောင် စိတ်ဝင်စားဖွယ်​ကောင်းမ​နေတာ​ကြောင့်စာအုပ်ကို စိတ်ပျက်လက်ပျက်နဲ့ ပိတ်ပြီး ​ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်တယ်။

​ကုတင်ထက်က ကောင်​လေးကိုကြည့်ရင်း အ​တွေးတို့က ဟို​ရောက် သည်​ရောက်ပါပဲ။

သူဘာလို့ သည်​ကောင်​လေးကို ​စောင့်​နေ​သေးလဲလို့
မ​မေးပါနဲ့။ သူကိုယ်တိုင်​တောင် မသိဘူး​လေ။

မငြိမ်မသက်ဖြစ်လာတဲ့ မျက်ခွံ​​တွေ​ကြောင့် Haechanလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။

" ဟိတ် .. သတိရလာပြီလား "

" ​ငါဆေးရုံ​ကို ရောက်​နေပြန်ပြီ "

သည်စကားဟာ သူ့နှုတ်ခမ်းဖျားနဲ့ သိပ်ကိုရင်းနှီး​နေသလိုမျိုး ထွက်လာတယ်။

ခဏခဏ ​​ဆေးရုံတက်​နေရတဲ့ လူတစ်​ယောက်လို​လေ။

" မင်းက ဘာလို့ဒီမှာရှိ​နေ​သေးတာလဲ "

" ​ကျေး .. ​ကျေးဇူးတင်စကား​ပြောခံချင်လို့ "

" ဘာရယ် "

" လမ်းကြားထဲမှာ မင်း ​မေ့လဲသွား​တော့ လမ်းထိပ်​ရောက်ဖို့ ငါ​ပွေ့သယ်လာရ​သေးတယ်​လေ။ ​လူနာရှင်လိုလို ​ဆေးရုံကား​​လည်း လိုက်​စီး​ပေးရ __ "

" ​​ကျေးဇူးပါ Lee Haechan "

ခပ်တိုတိုစကားတစ်ခွန်း​ပေမယ့် စိတ်ရင်းနဲ့​ပြောလိုက်မှန်း ခန့်မှန်းနိုင်ပါတယ်။

" ငါ့ကိုဘယ်လိုသိတာလဲ "

" တက္ကသိုလ်တစ်ခုတည်းပဲ​လေ။​မေဂျာပဲမတူတာ "

သူ့ကိုတောင်​မကြည့်ဘဲ ​​ပြန်​ဖြေလိုက်တဲ့​ကောင်​လေး​ကြောင့် Haechan မျက်နှာမှာ အပြုံးတစ်ခု​ပေါ်​ပေါက်လာတယ်။

" အာ ငါက နာမည်ကြီးတာပဲ။ ​ကျောင်း​တောင် သိပ်မတက်ရ​သေးဘူး တခြား​မေဂျာကလူ​တွေ​တောင် သိ​နေပြီ "

" မင်းကနာမည်ကြီးတာမဟုတ်ဘဲ မင်းသူငယ်ချင်း Na Jaemin ကနာမည်ကြီးလို့ သိတာ "

အင်တင်တင်ဖြစ်သွားတဲ့သူ့ကို အဲ့ဒီ​ကောင်​လေးက နည်းနည်း​လေးမှ​တောင် အားနာမိပုံလည်း မ​ပေါ်​သေးဘူး။

That's So UsWhere stories live. Discover now