၁၃

58 7 3
                                    

[ Unicode ]

" ဒီ​​နေ့လည်း​ကျောင်းမသွားပြန်ဘူးလား "

ခုတင်ထက် ​မှောက်ရက်လှဲရင်း ​ပေါ့​ပါးစွာနဲ့ ခေါင်းသာခါပြလိုက်​တော့  ​ဒေါ်​လေးဆီက သက်ပြင်းရှည်ချသံတစ်ခုကြားရတယ်။ ​ခန္ဓာကိုယ်ဟာ တောင့်ခနဲဖြစ်သွား​ပေမယ့် ခုခံဖို့ရာအတွက် ​ဖြေရှင်းချက်တစ်ခုဟာ လွယ်ကူစွာပဲ အသင့်ရှိ​နေတယ်။

" ​ဖျားချင်သလိုဖြစ်​နေသေးလို့​​လေ။ ​တနင်္လာ​​​နေ့​တော့ ပြန်တက်မှာပါ "

​​ပေါ့​​ပေါ့ပါးပါးဟန်နဲ့ပဲ ဖတ်လျက်သားစာအုပ်ဆီက အကြည့်မခွာဘဲ​​​ပြော​လိုက်​​ပေမယ့် ဒေါ်​လေးဟာ​တော့ မယုံသင်္ကာမျက်ဝန်း​တွေနဲ့ ခုတင်စွန်းနား​ရောက်လာ​လေပြီ။

" အဖျား​ကြောင့်ချည်းပဲမဟုတ်ဘဲ ဟို​ကောင်​လေး Lee Haechan ​ကြောင့် ..  "

" ​ဒေါ်​လေးတို့​နောက်ကျ​တေ့ာမယ်။ သွား​တော့​လေ "

" ငလိမ်​​လေး "

ခပ်တိုးတိုး​ရေရွတ်သံကိုကြား​သော်ငြားလည်း မသိချင်​ယောင်​သာ​ဆောင်​နေရ​တော့တယ်။

" မင်္ဂလာ​ဆောင်ကိုမလိုက်ချင်တာ​သေချာလား "

"  အင်း "

" ဒါဆ်ိုလည်း သွား​တော့မယ်။ ငါတို့ နောက်ကျမှပြန်လာမှာ​နော်။ တစ်ယောက်တည်း​ကျန်ခဲ့တယ်ဆိုပြီး ​ဆေး​​သောက်ဖို့မ​မေ့နဲ့ဦး "

မိနစ်အနည်းငယ်ကြာ​တော့မှ ဧည့်ခန်းထဲက ညီအစ်မနှစ်​ယောက်ရဲ့ ဆူညံသံ​တွေ​၊ တစ်​ယောက်ကိုတစ်​ယောက် ချီးကျူးသံ​တွေပျောက်သွားပြီး တံခါးမကြီးပိတ်သံကိုကြားလိုက်ရတယ်။

​Renjun မှာလည်း ​မွေးချင်းတစ်​ယောက်​လောက်ရှိရင်​ကောင်းမှာပါပဲ။ သည်လိုအ​တွေးမျိုးကို Chaeryeong ကြားရင်ထပ်​ပြောဦးမယ်။ " ငါရှိ​နေတာပဲ " လို့​လေ။ ဟုတ်​တော့လည်း ဟုတ်တာပါပဲ။

ဖတ်လက်စစာအုပ်ဆီ ပြန်အာရုံ​ရောက်​တော့ ​နောက်မှာကျန်​နေ​​သေးတဲ့ စာမျက်နှာတွေဟာ သိသိသာသာပါး​နေပြီ။ သည်​စာအုပ်ကို တစ်ထိုင်တည်းဖတ်​နေတာ​တောင် တစ်နာရီ​ကျော်​လောက် ကြာ​လေ​ရော့ပြီပဲ။

You've reached the end of published parts.

⏰ Last updated: Sep 11 ⏰

Add this story to your Library to get notified about new parts!

That's So UsWhere stories live. Discover now