Ch 9:ရုပ်ရှင်ဧကရာဇ်ဖူက လူကောင်းတစ်ယောက်

1K 299 15
                                    

[Zawgyi]

နောက်​ဆုံးရှန်​ရှင်းချန်​နဲ့ ​ဖြေရှင်းပြီး​နောက်​မှာ​တော့ သူတို့ရဲ့အိပ်​​ဆောင်​ထဲမှာ အခြားလူနှစ်​​ယောက်​လည်း ရှိ​နေတယ်​ဆိုတာ ကျန်းရှင်း​ဆွေ့ သတိထားမိသွားတယ်​။တစ်​​ယောက်​က ချစ်​စရာ​ကောင်းတဲ့​ကျောင်းသားဆံပင်​စတိုင်​​ရှိပြီး အရမ်း​ချစ်​စရာ​ကောင်းကာ အလွန်​ဖျတ်​လတ်​တက်​ကြွပုံ​ပေါ်ပြီး အခြားတစ်​​ယောက်​က​တော့ အလွန်​ရိုးသား တည်​ငြိမ်​ပုံ​ပေါ်သည်​။သူ့ရဲ့စူးစမ်း​နေတဲ့အကြည့်​​တွေကို သတိပြုမိပြီး​နောက်​ တည်​ငြိမ်​တဲ့တ​ယောက်​က ​အေးတိ​အေးစက်​နဲ့​ခေါင်းညိတ်​ပြလာပြီး"ဟယ်​လို ငါကနင်းဇီပါ" လို့နှုတ်​ဆက်​လာသည်​။

ချစ်​စရာ​ကောင်းပုံ​ပေါ်တဲ့ ​လူငယ်​​လေးကလည်း သူ့ဆီ​ရောက်​လာပြီး ​နွေး​နွေး​ထွေး​ထွေးနှုတ်​ဆက်​လာသည်​:"ဟယ်​လို ငါကဝမ်​ရှန်းဂျီပါ"

ကျန်းရှင်း​ဆွေ့လည်း ​သူတို့ကိုနှုတ်​ဆက်​ဖို့်
ရှေ့ထွက်​လိုက်​ပြီး:"ဟယ်​လို ငါကကျန်းရှင်း​ဆွေ့ပါ။"

အိပ်​​ဆောင်​ထဲရှိ လူသုံး​ယောက်​က အ​တော်​​လေးလိုက်​​လျောညီ​ထွေ ​ပေါင်းသင်း​နေကြသည်​။ ဧကရာဇ်​အရှင်​လို သူ့​ဘေးနားကရှန်​ရှင်းချန်​တစ်​​ယောက်​ကလွဲ၍ပင်​။သူကအိပ်​ရာတစ်​ခုဆီ ရန်​န်လိုစွာ​နဲ့ တိုက်ရိုက်ေ​​လျှာက်​သွားလိုက်​ပြီး ထိုင်​ချလိုက်​ကာ:"မင်းတို့ဒီမှာမအိပ်​ချင်​ဘူးဆိုရင်​ ငါဒီမှာအိပ်​မယ်​။"

"...."

အခြားသူ​တွေက ထို​နေရာမှာမအိပ်​ချင်​တာမဟုတ်​ပဲ သူတို့ခုထိအိပ်​ရာ​ ​ရွေးလို့မပြီးကြ​သေးတာဖြစ်​သည်​။

ဤမတိုင်​ခင်​က ဒီသခင်​​ငယ်​​လေး ဘယ်​​လောက်​အ​ပေါ်စီးဆန်​ဆန်​ဆက်​ဆံတက်​ပြီး ​ဒေါသကြီးသလဲဆိုတာ ကျန်းရှင်း​ဆွေ့သာလျှင်​သိသည်​။ဒါ​ပေမယ့်​ ဒီအချိန်​မှာ​တော့ အခြားလူနှစ်​​ယောက်​လည်းဒါကို မြင်​လိုက်​ရသည်​။အခြားတဖက်​မှာ​တော့ ဝမ်​ရှန်းဂျီကလည်း ​ဒါကိုသူအရင်​တည်းက ​တွေးထားပြီးသကဲ့သို့ ​နောက်ထပ်အိ​​ပ်​ရာကို​ရွေးလိုက်​သည်​။နင်းဇီကလည်း စကား​ပြောရတာမနှစ်​သက်​တာ​ကြောင့်​ သူ့ဘာသာ​​နောက်​တစ်​ခုကို​ရွေးလိုက်​သည်​။တခြားအိပ်​​ဆောင်​​တွေမှာ အိပ်​ရာအတွက်​ရန်​ဖြစ်​စကားများတာမျိုး ဒီအိပ်​​ဆောင်​မှာမ​တွေ့ရ​ပေ။

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now