Ch 10:မင်းဒီရှိုးကိုဘာလို ့လာတာလဲ

1K 291 11
                                    

[Zawgyi]

ရှန်​ရှင်းချန်​​ပြောတာကို ကျန်းရှင်း​ဆွေ့ကြား​ပြီး​နောက်​မှာ​တော့ ​သေချာ​ပေါက်​ သူဒါကိုလုံးဝယုံကြည်​တာ​ပေါ့။

သူဖူကျင်း​ရှောင်​ရဲ့ အမာခံဖန်​တစ်​​ယောက်​ဖြစ်​ခဲ့တာ အချိန်​အ​တော်​ကြာခဲ့ပြီဖြစ်​သည်​။အစပိုင်း​တော့ သူ့ရဲ့သီဆိုမှုကို သူနှစ်​သက်​ရုံပဲ။နောက်​ပိုင်း ဒီလူအ​ကြောင်း သူပိုသိလာ​လေ​လေ ရုပ်​ရှင်​ဧကရာဇ်​ဖူရဲ့အရည်​အချင်း​တွေနဲ့ သူတဖြည်းဖြည်းချင်း အနိုင်ယူခံ​လိုက်​ရတယ်​။ထို့​နောက်​တွင်
ဖျော်​​ဖြေ​ရေး​လောကထဲတွင်​ ထိုလူက သူသ​ဘောကျတဲ့အရာ​တွေကို အ​လေးနက်​ထားတက်​တဲ့စရိုက်​နဲ့ သူ့ရဲ့အလုပ်​ကြိုးစား အားထုတ်​​​မှုသက်​သက်​​နဲ့ သာရပ်​တည်​​နေမှန်း သူတဖြည်းဖြည်း သိလာရတယ်​။သူကသူ့ရဲ့ဇာတ်​​ကောင်​ကို အမြဲတမ်းသစ္စာရှိ​နေမယ့်​လူမျိုး ဖြစ်​သည်​။

ထို့​ကြောင့်​ ကျန်းရှင်း​ဆွေ့​ပေါ့​ပေါ့ပါးပါရယ်​​မောလိုက်​ကာ သူ​ခေါင်းညိတ်​လိုက်​ပြီး အ​တော်​​လေး​လေးနက်​နက်​နဲ့​ပြောလိုက်​တယ်​:"အင်း ဟုတ်​တာ​ပေါ့ အစ်​ကိုဖူကအရမ်း​ကောင်း​တဲ့လူတစ်​​ယောက်​ဆိုတာ ငါသိတာ​ပေါ့။"

ရှန်​ရှင်းချန်​အစက ဒါကို​ပေါ့​ပေါ့ပါးပါး​ပြောလိုက်​​ပေမယ့်​ ကျန်းရှင်း​ဆွေ့က တကယ်​ပဲအ​လေးအနက်​သ​​ဘောတူ ​ခေါင်းညိတ်​ပြလာမယ်​လို့ မထင်​ထားခဲ့​ပေ။သူတို့စ​တွေ့တဲ့အချိန်​တည်းက ဒီလူငယ်​​လေးက အမြဲတမ်း​နှိမ့်​ချ​​ပြီး တိတ်​ဆိတ်​​နေတက်​သည်​။ရှန်​ရှင်းချန်​ ဒီလူကပျင်းစရာ​ကောင်းတဲ့င​ကြောင်​တစ်​​ယောက်​လို့ ထင်​​နေခဲ့​ပေမယ့်​ သူဖူကျင်း​ရှောင်​အ​ကြောင်း​ပြော​နေတဲ့ အခုချိန်​မှာ​တော့ သူ့မျက်​လုံး​တွေက ကြယ်​တစင်းလို​တောက်​ပလင်းလက်​​နေသည်​။ သူ့မျက်​နှာ​ပေါ်မှာလည်းမထင်​မရှားအပြုံး​လေးတစ်​ခုရှိ​နေပြီး ရှန်​ရှင်းချန်​ကို အနည်းငယ်​ထိတ်လန့် ​​သွား​စေသည်​။

မဖြစ်​နိုင်​တာ..........ဒီတစ်​​ယောက်​ ဖူကျင်း​ရှောင်​ဖန်​​တော့ မဟုတ်​​လောက်​ဘူးမလား???

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Donde viven las historias. Descúbrelo ahora