Ch 18:မင်းတို့နှစ်ယောက်ရုပ်ချင်းဆင်ကြတာပဲ

666 144 3
                                    

[Zawgyi]

ဒီလိုခံစားရတာ အန်းရန်​တစ်​​ယောက်​တည်းမဟုတ်​ဘူး။


တိုက်​ရိုက်​ထုတ်​လွှင့်​ခန်းထဲက ပရိသတ်​​တွေလည်း
နောက်ကေ​နမှတ်​ချက်​​တွေ​ရေးလာကြတယ်​:

"ဘယ်​လို​တောင်​ ​ချော​မောတဲ့နည်းပြနဲ့သင်​တန်းသား အတွဲ​လေးလဲ?"

"မိဘ​တွေဆီကပို့ချခံရတဲ့ အ​ကြောက်​တရားမျိုးကို ငါ​ခေါင်းတုံးအစ်​ကိုရဲ့မျက်​လုံးထဲ​တွေ့လိုက်​တယ်​။"

"သူကခက်​ထန်​ပုံ​ပေမယ့်​ တကယ်​​တော့​ ယွမ်​၂၀,၀၀၀ကို သူ့ရဲ့လှုပ်​ရှား​ပုံ​တွေ​ချော​မွေ့လာ​အောင်​ ကူညီ​ပေး​နေတာ။"

"ငါ့ရဲ့အစ်​ကိုကြီးက သူ့ရဲ့ဖုံးကွယ်​ထားတဲ့ကြင်​နာမှု​တွေကိုပြ​နေတာ ဝူးးးငါ့ရဲ့အစ်​ကိုဖူ"


ကျန်းရှင်း​ဆွေ့ တုံ့ဆိုင်း​နေတဲ့လှုပ်​ရှားမှု​တွေအားလုံး ​ပြေ​လျော့​သွားပြီး​နောက်​မှာ ဖူကျင်း​ရှောင်​အနည်းငယ်​စိတ်​​ကျေနပ်​သွားတယ်​။သူနှုတ်​ခမ်းဖွင့်​ဟလိုက်​ပြီး :"မင်းရဲ့ပြဿ နာက မင်းရဲ့ခွန်းအားကို​ကောင်း​ကောင်းမထိန်းချုပ်​နိုင်​တာပဲ။အန်းရန်​နဲ့ နင်းဇီရဲ့ ခွန်​အားကအရမ်း​ကောင်းတယ်​၊မင်းသူတို့ကိုကြည့်​ပြီး ပို​လေ့ကျင့်​သင့်​တယ်​။"

အန်းရန်​ရဲ့နာမည်​ကိုကြား​တော့ ကျန်းရှင်း​ဆွေ့
အေးခဲသွားခဲ့တယ်​။


သေချာ​ပေါက်​ပဲ အဓိကဇာတ်​​ဆောင်​shouနဲ့ အဓိကဇာတ်​​ဆောင်​gongတို့က တစ်​​ယောက်​နဲ့တစ်​​ယောက်​ဆွဲငင်​​နေကြ​သေးတာပဲမလား? သူကအရမ်းတုံးအပြီး ​ကောင်း​ကောင်း​တောင်​မကနိုင်​ဘူး။သူဘာကိုများ​မျှော်​လင့်​​နေ​​သေးတာလဲ! အန်းရန်​နဲ့နှိုင်းယှဉ်​ခံရတာကို ​တွေးမိ​တော့ သူပိုပြီးအသုံးမကျသလိုခံစား​နေရတယ်​။

ကျန်းရှင်း​ဆွေ့ သူ့မျက်​လုံးထဲကအ​တွေး​တွေကို ထိန်းချုပ်​လိုက်​ပြီး တိုးတိုး​လေး​ပြောလိုက်​တယ်​"ကျွန်​​တော်​သိပါပြီ။"

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Where stories live. Discover now