Ch 12:အစ်​ကိုဖူကမင်းကိုအရမ်းသ​ဘောကျတယ်

876 247 12
                                    

[Zawgyi]

အဓိကထိုင်​ခုံမှာထိုင်​​နေတဲ့ ဖူကျင်း​ရှောင်​ကချက်​ချင်းပြန်​မ​ဖြေလာဘဲ ကျန်းရှင်း​ဆွေ့ ရဲ့အချက်​အလက်​ကဒ်​ကို​နောက်​တစ်​ကြိမ်​​ကောက်​ကိုင်​လိုက်​တယ်​။

သူ့​ဘေးနားတွင်​ ထိုင်​​နေသည့်​လျှိုရှုအန်းက​ပြောလာသည်​:"အရင်​ကြည့်​ကြတာ​ပေါ့။ပထမဆုံးအ​နေနဲ့ ဒီက​လေးရဲ့ရည်​ရွယ်​ချက်​က မသန့်​ရှင်းဘူး။သူဒီစင်​မြင့်​ကိုလာခဲ့တာက ​ဖျော်​​ဖြေဖို့အတွက်​မဟုတ်​ဘဲ ပိုက်​ဆံအတွက်​လာခဲ့တာ။"

မစ္စတာလီကလည်းသ​ဘောတူ​လေသည်​:"သူ​ပြောတဲ့အချက်​ကမှန်​တယ်​။ရိုးရိုးသားသား​ပြောရရင်​ သူ့ရဲ့သီချင်းဆိုစွမ်းရည်​ကလည်း အထူး​ကောင်းမွန်​​နေတာမဟုတ်​​ပေမယ့်​ သူ့ရဲ့စိတ်ခံ​စားချက်​​တွေကိုသရုပ်​​ဖော်​ရာမှာ အ​တော်​​လေးကြွယ်​ဝအား​ကောင်းတယ်​။ဒါ​ပေမယ့်​ မင်းအရင်​က Fအဆင့်​သတ်မှတ်ခံရ​​တဲ့ သင်​တန်းသားတ​ယောက်​ကိုကြည့်​မယ်​ဆိုရင်​ သူ့သီချင်းဆိုစွမ်းရည်​ကလည်း ​ကောင်းမွန်​တာပဲ ဒါဆိုသူဘာလို့Fအဆင့်​သတ်​မှတ်​ခံရတာလဲ? သူက မကတတ်​တာ​တောင်​မဟုတ်​ဘူး။"

လျှိုရှုအန်းက ​ခေါင်းညိတ်​လိုက်​ပြီး:"သူ့ကို B​ပေးဖို့က ​သေချာ​ပေါက်​မဖြစ်​နိုင်​ဘူးလို့ ငါထင်​တယ်​။
သူက,ကလည်းမကနိုင်​ဘူး။F​ပေးတာက သင့်​​တော်​တယ်​။"

Tuyaမျက်​​မှောင်​ကြုတ်​လိုက်​ပြီး ဝင်​​ပြောလိုက်​တယ်​:"ရှင်​တို့သူ့ရဲ့ အားနည်းချက်​အ​ပေါ်မှာပဲ ဒီလိုအာရုံစိုက်​​နေသင့်​တယ်​လို့ ကျွန်​မ,မထင်​ဘူး။"

လူ​တွေရဲ့ထင်​မြင်​ချက်​​တွေက ထပ်​မံကွဲလွဲသွားပြန်​သည်​။

ဒါကလည်းအလွန်​ရှားပါးတဲ့ကိစ္စပင်​။'Starlight'
ကိုစတင်​ထုတ်​လွှင့်​စဉ်​တည်းက နည်းပြ​တွေကြား ဒီလိုကြီးမားတဲ့သ​ဘောထားကွဲလွဲမှုမျိုးဖြစ်​​ဖို့ထိလိုအပ်​တဲ့ထဲ ကျန်းရှင်း​ဆွေ့ ကပထမဆုံးပြိုင်​ပွဲဝင်​ဖြစ်​လာနိုင်​သည်​။

လူတိုင်းရဲ့မျက်​လုံး​တွေက ဖူကျင်း​ရှောင်အ​ပေါ်ကျ​ရောက်​သွားပြန်​တယ်​။

အတုအ​ယောင်​အ​မြောက်​စာသခင်​​လေးကပြန်​လည်​ရှင်​သန်​လာပြီး​နောက်....Donde viven las historias. Descúbrelo ahora