Description

15.9K 865 26
                                    

အင်ပါယာ၏အတော်ဆုံးအိုမီဂါဖြစ်သူ လင်းဟန်သည် အမျိုးသားစစ်တက္ကသိုလ်၏ အဓိကMechaဒီဇိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။သူသည် အံ့သြဖွယ်ကောင်းလောက်အောင်မြင့်မားသော ဖယ်ရိုမုန်းအာရုံစူးစိုက်မှုနှင့် ဝိညာဉ်ရေးစွမ်းအားများအပြင် ထူးခြားသည့်စွမ်းရည်တစ်မျိုးကိုလဲ ထပ်မံပိုင်ဆိုင်ထားသေး၏။_မည်သူမှမသိကြသည့်ထိုအစွမ်းမှာ သူဟာတခြားသူများ၏စိတ်ကိုဖတ်နိုင်ခြင်းပင်ဖြစ်သည်။

သူ့လက်ကို တခြားသူ၏လက်ပေါ်တင်လိုက်ရုံနှင့် တစ်ဖက်လူ၏စိတ်ထဲတွင် ဘာတွေရှိနေသည်ကိုသိနိုင်၏။

အင်ပါယာ၏အခြေအနေဟာ ပြောင်းလဲနေခဲ့ပြီး မုန်တိုင်းဝင်ရောက်လာချိန်တွင် စစ်သုတေသနဌာန၏အပြောင်မြောက်ဆုံးသော Mechaဒီဇိုင်နာဖြစ်သူ လင်းဟန်သည် အင်ပါယာ၏တန်ခိုးကြီးမားလှသော စစ်ဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခဲ့ရသည်။လင်းဟန်သည် သူ၏လက်အိတ်များကိုချွတ်ကာ အင်ပါယာ၏အေးစက်ခက်ထန်ရာတွင်နာမည်ကြီးသော နတ်ဘုရားနှင့် ယဉ်ကျေးစွာလက်ဆွဲနှုတ်ဆက်ခဲ့ရသည်။သူလက်ဆွဲနှုတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက်

[အနံ့ကအရမ်းမွှေးလွန်းတယ်] [မာလာပြီ] [အမှတ်အသားပေးချင်တယ်]

လင်းဟန်_"????"

လူငယ်လေးသည် အေးစက်စွာပင် မျက်နှာကိုငုံ့ချလိုက်ပြီး အမူအရာကင်းမဲ့စွာဖြင့် လက်ကိုပြန်ရုတ်သိမ်းလိုက်၏။'ကျူးကျော်မှုအတွက် တောင်းပန်ပါတယ်'

"ဘာမှမမြင်နိုင်တဲ့အမှောင်ထုထဲကငါ့ဘဝကို အဲ့ဒီကြယ်တွေကြားထဲကတစ်စင်းက လမ်းပြပေးနိုင်တယ်လို့ ​တွေးကြည့်ရအောင်"_Tagore

\

\

T/N

*Mechaဆိုတာ စက်ရုပ်ပုံစံပြုလုပ်ထားတဲ့ယာဉ်တစ်မျိုးပါ။

*Tagoreဆိုတာကကျ Rabindranath Tagoreကိုပြောတာပါ။သူက ကဗျာဆရာ၊စာရေးဆရာ၊ ပြဇာတ်ရေးဆရာ၊ တေးရေးဆရာ၊ပန်းချီဆရာ၊ ဒဿနပညာရှင်၊ လူမှုရေးပြုပြင်ပြောင်းလဲရေးသမားအစုံလုပ်ခဲ့သူလို့သိရပါတယ်။

ဒါကOmegaverseကိုမှ fantasyရောထားတာပါ။Shouကထက်မြက်တဲ့typeမို့လို့ ကိုယ်ကတော့သဘောကျတယ်။ကိုယ်လိုက်ရှာကြည့်တော့ ဒါလေးကိုဘာသာပြန်တဲ့လူမ‌‌တွေ့သေးလို့ ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးဘာသာပြန်ဖို့ရွေးလိုက်တဲ့novelဖြစ်လို့ အမှားအယွင်းရှိရင်လဲသည်းခံပေးကြပါအုံး♡

Zawgyi





လင်းဟန်_"????"



\

\

T/N




I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now