အခန်း [ ၂၆ ]

1.5K 315 13
                                    

• စိတ်ဖတ်နိုင်တဲ့ သူ မဟုတ်ဘဲ ဟယ့်ယွင်ထင်ဘက်က အရင်ကမ်းလှမ်းလာတာ

လင်းဟန်၏မျက်နှာက မပြောင်းလဲသွားပေ။သူ့မျက်ခုံးများကသာ ညင်သာစွာမြင့်တက်သွားကြပြီး သူ့အသံက အနည်းငယ် အံ့သြသွားပုံပေါ်နေသည်။ဝမ်ထျန်းယောင်၏ပထမဝါကျက သူ့ကို အနည်းငယ်ရှုပ်ထွေးသွားစေသော်လည်း ယခုအချိန်တွင် ဒုတိယဝါကျမှာ အာရုံစိုက်စရာဖြစ်နေ၏။

ဝမ်ထျန်းယောင်၏စိတ်ထဲမှာ တစ်ခုခုရှိနေခြင်းကို သူမအံ့ဩသော်လည်း လောလောဆယ်တွင် 'သူကနေစလိုက်မယ်'ဟူသည်မှာ ဘာကိုဆိုလိုမှန်း သူမသိပေ။

လင်းဟန်က ခက်ခဲနေသည့် အကြည့်တစ်ချက်ကိုပေးလိုက်ရင်း၊ "ဒါပေမဲ့...."

ဝမ်ထျန်းယောင်ကြည့်ရသည်မှာ သူ့အခက်အခဲကို ဖိအားနှင့်အဆင်မပြေမှုကြောင့်ဟု အဓိပ္ပာယ်ကောက်သွားပုံရပြီး ဦးစွာပြောလာသည်။

"ဒါပေါ့ မင်းမခေါ်သွားချင်ရင်လဲ အဆင်ပြေပါတယ် ဖိအားမထားပါနဲ့"

ဤသည်ကိုများ‌သောအားဖြင့် ရှေ့တိုးရန် ဆုတ်ခွာခြင်းဟုခေါ်ပြီး သူ့အဆင့်အတန်းနှင့်ရာထူးအရ ပုံမှန်အခြေအနေတွင် သူသာတောင်းဆိုမှုကိုပြန်ရုတ်သိမ်းလိုက်ပါက သူ့၏နားလည်ပေးနိုင်မှုကြောင့် တစ်ဖက်လူမှာပုံမှန်အားဖြင့် အားနာသွားကြမည်ဖြစ်ပြီး ထိုအစားပြန်လည်လက်ခံလာကြမည်သာ။

သို့သော် ဤသည်မှာ လင်းဟန်လက်က သူ့လက်ပေါ်တွင်ရှိမနေချိန်က ကြိုတင်ကောက်ချက်ချမှုပင်ဖြစ်သည်။

မင်းသား၏လက်ဖဝါးမှရသည့် စေးကပ်ကပ်နိုင်သည့်ခံစားချက်သည် လင်းဟန်ကို အနည်းငယ်စိတ်မသက်မသာဖြစ်စေ၏။

လင်းဟန်သည် တစ်ဖက်လူ၏ ခံစားသွားရလောက်သည့် ရိုးသားလှသော မိန့်ခွန်းကိုနားထောင်ပြီးနောက် အသာပြုံးလိုက်ရင်း သူ့လက်ကိုပြန်ရုတ်လိုက်ကာ ကျေးဇူးတင်နေသည့် အသံဖြင့်ထပ်မံ၍ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကျေးဇူးပါ အရှင်မင်းသား၊ ကျွန်တော်တစ်ယောက်ထဲသွားလိုက်ပါ့မယ်"

သူစိတ်ကူးထားသည်နှင့်မတူညီဘဲ ဖြစ်သွားသည့်အရာများကိုမမျှော်လင့်ထားသည့်အလား ဝမ်ထျန်းယောင်၏မျက်နှာက သိသိသာသာကိုပြောင်းလဲသွားသည်။သို့သော် နေမြဲအတိုင်းဆက်နေဖို့ထိန်းထားလိုက်ရင်း ၎င်းနှင့်လိုက်လျောညီထွေဖြစ်အောင်သာ ပြောလိုက်နိုင်သည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Dove le storie prendono vita. Scoprilo ora