အခန်း [ ၁၉ ]

1.8K 341 22
                                    

• ဒီတိုင်းကျွန်‌‌တော်ကလှနေလို့ ဗိုလ်ချုပ်ကMecha Debuggingလုပ်ပေးဖို့ တောင်းဆိုလာတာပေါ့?

နောက်ဆုံးဖြစ်ရပ်တွင် ရှင်းလင်းသည့် သုံးသပ်ချက်မရှိသည့်အတွက် အာမခံရန်နှင့်တခြားသူများထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်ရန်အလို့ငှာ ဗိုလ်ချုပ်က နောက်ဆုံးတွင် လက်လျှော့ဖို့ဆုံးဖြတ်လိုက်‌တော့သည်။လင်းဟန်ကို ငြိမ်သက်သည့်အချိန်တိုလေးတစ်ခုထပ်မံရရှိစေနိုင်မည့် အဆက်အသွယ်တိုးမြှင့်မှုအကြောင်းပြချက်များအား သူရှာဖွေဖို့အတွက် အလွန်စိတ်အားထက်သန်နေသော်ငြားပေါ့။

မကြာသေးမီက အင်ပါယာမှာ အတော်လေးငြိမ်သက်သွားသော်လည်း တက္ကသိုလ်ကမူ ခဏမျှပင် မရပ်တန့်နိုင်ခဲ့ပါချေ။

လင်းဟန်သည် စစ်တပ်ထဲတွင် အမြောက်အမြားအသုံးပြုရန် အသင့်ဖြစ်နေပြီဖြစ်သည့် နောက်ဆုံးအသုတ်Mechaများအား ဒီဇိုင်းပြုလုပ်ရန်နှင့်ပြုပြင်ရန်အတွက် လုပ်ဖော်ကိုင်ဖက်များနှင့်စတင်လုပ်ဆောင်လျက်ရှိသည်။

သူသည် အယ်လ်ဖာတစ်ယောက်ကဲ့သို့ Mecha hubနှင့်တိုက်ရိုက်ချိတ်ဆက်ပြီး ချွန်ထက်သည့်ဓားသွားအဖြစ်မပြောင်းလဲနိုင်သော်လည်း လင်းဟန်၏အာရုံစူးစိုက်မှု၊ဒီဇိုင်းနှင့်ထုတ်လုပ်နိုင်စွမ်းများမှာ သာမန်လူများထက်သာလွန်နေသည်သာဖြစ်သည်။

သူသည် အင်ပါယာစစ်တက္ကသိုလ်မှ ဘွဲ့ကြိုမရသေးခင်၌ သုတေသနတက္ကသိုလ်သို့ဝင်ရောက်လာခြင်းဖြစ်ပြီး ကြီးမား‌သောအတိုင်းအတာများဖြင့် အင်ပါယာတိုက်ပွဲရှေ့တန်းတွင် ယခုအသုံးပြုနေကြသည့် ဆယ်ခုမြောက်QT Mechaမျိုးဆက်ကိုတီထွင်ဖို့ရန် သူ့၏ဆရာဖြစ်သူနှင့်တိုက်ရိုက်အလုပ်လုပ်ခဲ့၏။

စစ်တပ်မှကြေငြာပြီးနောက်တွင် ဒီMechaများကို ယခင်ကမျိုးဆက်နေရာတွင် အကြီးအကျယ်အစားထိုးလာကြပြီး ၎င်း၏အသုံးဝင်မှုကို လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်းက Zergများနှင့်ကြုံကြိုက်ခဲ့ရချိန်တွင် အပြည့်အဝပြသခဲ့ပြီးဖြစ်သည်။ထိုအရာသည် Zergများစွာ၏ ယိုယွင်းပျက်စီးစေနိုင်သည့်အဆိပ်ပြင်းမှုကို တောင့်ခံနိုင်စွမ်းရှိပြီး Zergအများစု၏ဓားသွားချွန်များကိုလဲ တောင့်ခံနိုင်သည်။မြင့်မားသောအဆင့်ရှိသည့်Zergကို သူတို့မကိုင်တွယ်နိုင်လျှင်တောင် မောင်းနှင်သူ၏ အတွင်းပိုင်းအလိုအလျောက်လွတ်‌မြောက်စနစ်သည် လူသားတို့၏ဘေးကင်းမှုအား ကာကွယ်ဖို့ရန် အမြင့်မားဆုံးလုပ်ဆောင်ပေးနိုင်သည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Where stories live. Discover now