အခန်း [ ၁၇ ]

1.8K 346 12
                                    

• မလိုအပ်ဘူးလို့သူ့ကိုပြောလိုက်ပါ

လင်းဟန် အရှေ့မှလူကိုကြည့်နေရင်း အဆုံးမှာတော့ သူ့စိတ်တွေပျော့ပျောင်းသွားရသည်။သူ့လက်ထဲတွင် ဒုဗိုလ်ကြီးတစ်ယောက် ကောင်းကောင်းဝှက်ထားနိုင်ပြီဟု ထင်သည့် သရေစာမုန့်များအား ဆုပ်ကိုင်ထားပြီး သူ့လက်ဖဝါးများတွင် ချွေးအနည်းငယ်စို့လာသည်။

"ကျွန်တော်စိတ်မဆိုးပါဘူး"

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၏အတွေးများကိုနားထောင်သည့်ကိစ္စ၌ ဗိုလ်ချုပ်က နဂိုထဲက ခွင့်မပြုထားခဲ့ပေ။

လင်းဟန်၏ထူးခြားသည့်စွမ်းရည်ကို ရှာဖွေတွေ့ရှိစဥ်ထဲက သေချာသည့် တစ်ခုထဲသောအချက်မှာ သူ့လက်က တစ်ဖက်လူ၏အရေပြားကို အတားအဆီးမရှိဘဲ ထိတွေ့လိုက်သည့်အခါတွင် တစ်ဖက်လူ၏ ထိုအခိုက်အတန့်မှ အတွေးများကိုသာ သူကြားနိုင်ခြင်းဖြစ်သည်။ ထိုအခိုက်အတန့်တွင်ပြောမည့်တစ်စုံတစ်ခု သို့မဟုတ် ကိုယ်တိုင်ပင်နားမလည်နိုင်သေးသည့် မသိစိတ်မှလဲဖြစ်နိုင်သည်။

ဒါပေါ့၊ သူသတိထားမိသည်ဖြစ်စေ၊မထားမိသည်ဖြစ်စေ လင်းဟန် လိမ်လိမ့်မည်မဟုတ်ပေ။

မသိစိတ်ကနေ ဖြစ်နေသည့်အတွက်... ဗိုလ်ချုပ်က ထိုစကားများကို သေချာပေါက်ပြောနိုင်လိမ့်မည်မဟုတ်ပါချေ။လင်းဟန် တုံ့ဆိုင်းနေမိသည်။သူလက်အိတ်များကို စောစောကဆွဲချွတ်လိုက်စဉ်က ထိုအခိုက်အတန့်က အရမ်းတိုတောင်းလွန်းနေပြီး ဟယ့်ယွင်ထင်တွင် တခြားအရာများပြောဖို့အတွက်လဲ အချိန်မရှိ၊ တိုက်ရိုက်ရင်မဆိုင်မိဖို့အတွက် သူ့ကိုယ်သူ ချက်ချင်းပင် ကြိုးစားထိန်းသိမ်းလိုက်ရ၏။

လင်းဟန်၏နှလုံးသားမှာ ကသောင်းကနင်းဖြစ်နေသည်။

သူစိတ်ဆိုးသင့်သည်ဟုခံစားရသော်လည်း မည်သည်ကိုစိတ်ဆိုးချင်နေလဲဆိုသည်ကို သူအတိအကျမသိပေ။

"အင်း"

လင်းဟန်၏စကားများကို ဟယ့်ယွင်ထင်ကြားလိုက်ရသည့်အခါ နောက်ဆုံးတွင်လက်လွှတ်တော့မည့်ပုံရပြီး သူ့အသံသည်လဲ အေးစက်နေပုံမပေါ်ပေ။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Место, где живут истории. Откройте их для себя