အခန်း [ ၂၈ ]

1.6K 342 14
                                    

• [Mr.လင်းက အိပ်နေတဲ့အချိန် အရမ်းချစ်ဖို့ကောင်းတယ်]

ဝမ်ထျန်းယောင်သည် ဟယ့်ယွင်ထင် ထိုသို့ပြောလာမည်ဟု မထင်မှတ်ထားမိ။'အတော်လေးစကားပြောဖြစ်'ဟူသည့် စကားလုံးများက ကို့ရိုးကားယားနိုင်‌နေသည်ကို ထည့်မပြောလျှင်တောင် ဗိုလ်ချုပ်နှင့်အပ်စပ်ကြည့်ဖို့က မဖြစ်နိုင်လှပါချေ။

"ကိုယ်ဆိုလိုချင်တာ အဲ့လိုမဟုတ်ပါဘူး"

ရှက်ရွံ့မှုကိုဖုံးကွယ်ရန်အတွက် သူချောင်းနှစ်ချက်ဟန့်ပြီး ပြောလိုက်၏။

"ကိုယ်ကူညီနိုင်မယ်လို့ တွေးမိရုံလေးပါ၊ ပြောရရင် အင်ပါယာတစ်ခုလုံးမှာ Mr.လင်းလောက် ကောင်းမွန်တဲ့အိုမီဂါဆိုတာ အတော်လေးရှားတယ်လေ၊ ဗိုလ်ချုပ် လက်မလွှတ်သင့်ဘူးနော်"

"အိုး" ဟယ့်ယွင်ထင် ထိုသို့ပြောလိုက်သည်ကို လင်းဟန်ကြားလိုက်ရ၏။

အကြောင်းပြချက်တချို့ကြောင့် ဤသည်ကို တခြားခံစားချက်များရောနှောနေသည့် အလွန်မထီမဲ့မြင်နိုင်လှသော တုံ့ပြန်မှုကဲ့သို့ သူကြားလိုက်ရပြီး ရယ်ချင်သွားရသည်။

ဤအချိန်တွင် ဟယ့်ယွင်ထင်၏မျက်နှာအမူအရာက မည်သို့ဖြစ်နေမလဲကိုပင် သူတွေးကြည့်မိသည်။— မဟုတ်သေး၊ ထုံးစံအတိုင်း တူညီသည့် စိတ်မရှည်မှုမျိုးနှင့်အေးစက်နေအုံးမှာပင်။ထို့ကြောင့် ဟယ့်ယွင်ထင် ဘာတွေးနေမလဲ‌ဆိုသည်ကို လင်းဟန် စတင်၍တွေးတောကြည့်မိ၏။

သို့သော် ဟယ့်ယွင်ထင်၏စိတ်က သူ့အတွက် တကယ်အသိရခက်လွန်းနေသည်။မသင့်လျော်သည့် နေရာများ၌ မသင့်လျော်သည့်အတွေးများရှိနေတတ်ခြင်း စသဖြင့်ပေါ့။

သို့ဖြစ်၍ လင်းဟန်သည် စကားအရာတွင်မကောင်းမွန်သည့် ဟယ့်ယွင်ထင်နှင့်စကားပြောရသည့်အစား ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရှိချိန်တွင် သူတို့'စကားပြော'ရတာ ပိုပြီးချောမွေ့သည်ဟုပြောခြင်းက ပို၍ကောင်းလိမ့်မည်ကို တွေ့ရှိခဲ့ရသည်။

ဝမ်ထျန်းယောင်သည် ဒီကိစ္စအပေါ်မှာ အလွန်အာရုံစိုက်နေပုံပေါ်သော်လည်း လင်းဟန်၏အမြင်မှကြည့်လျှင် ထိုသူဟာ ဟယ့်ယွင်ထင်နှင့် အမှတ်မထင် ပိုမိုနီးစပ်ချင်ရုံသာဖြစ်ပြီး လော့ချီဘက်၌ အတူတူလက်တွဲလုပ်ဆောင်ချင်ခြင်းပင်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Dove le storie prendono vita. Scoprilo ora