အခန်း [ ၁၀ ]

2.5K 438 5
                                    

• "မကြောက်ပါနဲ့"

လင်းဟန်ဘာမှမပြောနိုင်သေးခင် ဟယ့်ယွင်ထင်က ဆက်ပြောလာခဲ့သည်။

"စိတ်အနှောင့်အယှက်ဖြစ်တာမျိုး၊ သက်တောင့်သက်တာမဖြစ်တာမျိုးဆို ကိုယ့်ကိုပြောလို့ရတယ်"

သူ့အသံမှာ စောစောကကြားခဲ့ရသည့်အသံနှင့်ကွဲပြားနေပုံပေါ်ပြီး၊ လင်းဟန်တွေးလိုက်မိသည်မှာ သတိပေးခြင်းနှင့်စေ့ဆော်ခြင်း၏အရိပ်အမွက်များအား သူကြားလုနီးပါးဖြစ်တော့မည်ဟုပင်။

တစ်ချို့အယ်လ်ဖာများသည် အိုမီဂါတစ်ဦးHeatဝင်နေပါက ဖယ်ရိုမုန်းဖိနှိပ်မှုများကိုသုံးကာ တစ်ဖက်လူကို အတင်းအကြပ်အညံ့ခံစေတတ်၏။ယခုတွင်မူ ထိုသို့လုံးဝမဟုတ်ရပါပေ။နှစ်ယောက်သားက ခပ်ဝေးဝေးတွင်ရှိနေခြင်းမျိုးမဟုတ်ဘဲ တူညီသည့်အခန်းထဲတွင်ရှိနေခြင်းဖြစ်ပြီး ဟယ့်ယွင်ထင်က အနောက်ကိုပင်လှည့်ကြည့်မလာခဲ့ပေ။

အယ်လ်ဖာဖယ်ရိုမုန်းအနည်းငယ်ဟာ ပျံ့နှံ့သွားလျက် သူ့ခန္ဒာကိုယ်မှဆန့်ကျင်ကာတိုးထွက်ချင်‌နေသည့် မတည်ငြိမ်သောဆဲလ်များကို ပြေလျော့သွားအောင်နှစ်သိမ့်ပေးလာသည်။လင်းဟန် တစ်ခါကတွေးခဲ့ဖူးသည်မှာ ဟယ့်ယွင်ထင်ကဲ့သို့ အယ်လ်ဖာတစ်ယောက်ဆိုပါက သူ့၏ဖယ်ရိုမုန်းရနံ့များက ပြင်းထန်သည့်ရန်လိုမှုမျိုးဖြင့် ပွင့်ထွက်လာလိမ့်မည်ဟူ၍ပင်။ယခုမတိုင်မီ သူကျောင်းတက်ခဲ့စဉ်အခါက အရေးမပါသည့်တစ်စုံတစ်ရာကြောင့် ရန်ဖြစ်နေခဲ့ကြသည့် အယ်လ်ဖာနှစ်ယောက်ရှိဖူးသည်။တစ်ယောက်၏ရနံ့က ယမ်းမှုန့်နံ့ဖြစ်ကာ နောက်တစ်ယောက်မှာ သံချေးနံ့ဖြစ်၏။လင်းဟန် ထိုနားကဖြတ်သွားသည့်အခါ ခြေထောက်တွေပင်ပျော့ခွေသွားရပြီး အဆောင်ကိုတောင်ပြန်မလျှောက်နိုင်ခဲ့ပေ။

ဟယ့်ယွင်ထင်၏ ဖယ်ရိုမုန်းက ထူးခြားပါ၏။

ထိုအရာမှာ သိမ်မွေ့ပြီး ဆန်းပြားသည့်Ebony(ရင်းတိုက်သား)မွှေးရနံ့ပင်ဖြစ်သည်။ပဟေဠိဆန်သောမှုန်မှိုင်းမှုတစ်မျိုးဖြစ်ပြီး မလေးပင်သလို သူ့၏ခြိုးခြံတတ်သည့်အပြုအမူကဲ့သို့အကွာအဝေးခြားထားသည့် အာရုံခံစားမှုမျိုးကိုရစေသည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Donde viven las historias. Descúbrelo ahora