အခန်း [ ၂၄ ]

1.7K 310 6
                                    

• လျစ်လျူရှု

ယနေ့ရာသီဥတုဘယ်လိုနေလဲဟုမေးနေသည့်အတိုင်း လင်းဟန်၏အသံကပုံမှန်ပင်။

ဟယ့်ယွင်ထင်သည် တည်ငြိမ်နေပုံပေါ်ပြီး ရာသီဥတုနှင့်ပတ်သတ်သည့်မေးခွန်းကြားလိုက်ရသည့်အလား သူ့မျက်ခုံးများကဆတ်ခနဲလှုပ်ရှားသွား၏။သို့သော် ဟယ့်ယွင်ထင်မှာအနည်းငယ်စဉ်းစားရခက်သွားသည်။

မစ္စတာလင်းမှာ သန့်ရှင်းမှုနဲ့သက်ဆိုင်တဲ့ပြဿနာရှိနေတာကို သူကဘာလို့ရုတ်တရက်ကြီး သူ့ရှေ့မှာလက်အိတ်တွေချွတ်လိုက်တာများလဲ?

မစ္စတာလင်းက သူ့ကိုပြုံးလဲပြုံးပြသေးသည်။

မစ္စတာလင်းက သူ့အိပ်ရာထဲတွင် အိပ်လာသေး၏။

မစ္စတာလင်းက စောစောကလဲ သူ့ကိုအကြာကြီးဖက်ထားပေးခဲ့သည်။

မစ္စတာလင်း... သူကအလွန်ကောင်းမွန်သည်။

မစ္စတာလင်းက သူ့ကိုကြိုက်လားဟု သူ့(ဟယ့်ယွင်ထင်)ကိုမေးလာ၏။

ဒါပေါ့၊ ယခု ဟယ့်ယွင်ထင်၏ခေါင်းထဲမှ ထိုစကားလုံးများမှာ လင်းဟန်အတွက်မူ ထိုသို့ပုံမပေါ်ပါချေ။

ဟယ့်ယွင်ထင်ကအခုအချိန်မှာ ဘာတွေတွေးနေမလဲ?

ဟယ့်ယွင်ထင်က ဘာကြောင့်စဉ်းစားရခက်နေတဲ့အမူအရာပြနေတာလဲ?

ဟယ့်ယွင်ထင်က သူ့ကိုအိပ်ရာထဲဘယ်အချိန်ရွှေ့ပေးလိုက်တာလဲ?

ဟယ့်ယွင်ထင်၏susceptibleကာလက ရုတ်တရက်ရောက်လာသည့်အတွက် သူက သူ့(လင်းဟန်)ကိုဖက်ခဲ့ပြီး သူကလဲ ထိုသူ့ကိုမတွန်းထုတ်ခဲ့ပေ။

ဟယ့်ယွင်ထင်... ဟယ့်ယွင်ထင်က အရမ်းမဆိုးပါချေ။

ထို့ကြောင့်မစ္စတာလင်းသည် သူ့စိတ်ကိုဖတ်ဖို့အတွက် ရည်ရွယ်ခဲ့၏။

ဟယ့်ယွင်ထင်၏စိတ်က အမြင့်နှုန်းဖြင့်စတင်၍ ပြေးလွှားလာခဲ့ပြီး အ‌ထက်တွင်ဖော်ပြထားခဲ့သည့်အခြေအနေများမှ လင်းဟန်ကိုသူကြိုက်နှစ်သက်ကြောင်း အထောက်အထားရှာဖွေဖို့ကြိုးစားနေသည်။ဤသို့ရိုးရှင်းသည့်စကားလုံးနှစ်လုံးကို အဓိပ္ပာယ်မသတ်မှတ်နိုင်သည့်အလား ဟယ့်ယွင်ထင်၏မျက်ဝန်းများတွင် ရှားပါးသည့်စိတ်ရှုပ်ထွေးမှုကိုပြသနေလျက်ရှိသည်။သူ့ဘဝ၌ တိုက်ခိုက်သည့်စွမ်းရည်အမျိုးမျိုး၊ မောင်းနှင်ရေးလေ့ကျင့်မှုနှင့် နည်းဗျူဟာဆိုင်ရာနည်းလမ်းများစသည့် တခြားအရာများနှင့်သာအပြည့်ဖြစ်နေပုံပေါ်သော်လည်း သူ့နှလုံးသား၏အစွန်အဖျားမှာ ဗလာဖြစ်နေဆဲပင်ဖြစ်သည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Où les histoires vivent. Découvrez maintenant