အခန်း [ ၅ ]

3.2K 506 5
                                    

• အနံ့‌ကမွှေးရုံတင်မကဘူး၊ ချိုလဲချိုတယ်

ပထမတစ်ခေါက်က နားကြားမှားတာဖြစ်နိုင်‌သေးသော်လည်း ဒုတိယတစ်ခေါက်ကတော့ အဲ့လိုဖြစ်နိုင်စရာအကြောင်းမရှိတော့ချေ။

လင်းဟန်၏လက်အိတ်များပေါ်၌ ရှန်ပိန်များတင်ကျန်နေဆဲမို့ ဟယ့်ယွင်ထင် သူ့ကိုကမ်းပေးလာသည့်လက်ကိုင်ပဝါဖြင့် သာမန်ကာလျှံကာမျှ ဆက်သုတ်ဖို့ပြင်လိုက်သည်။လင်းဟန်လက်ကိုင်ပဝါကိုယူလိုက်စဉ် သူ့ရှေ့မှအရပ်ရှည်ရှည်နှင့်လူက ဘေးသို့အနည်းငယ်ရွှေ့ပေးလိုက်သည်ကိုခံစားမိလိုက်၏__လူကြီးလူကောင်းဆန်လှသည့်အပြုအမူဖြင့် အနောက်ကိုခြေတစ်လှမ်းဆုတ်သွားခြင်းပင်။

သို့ရာတွင် တစ်ဖက်လူ၏စိတ်ထဲမှအတွေးများက သူ့နားထဲတွင် တဝဲလည်လည်ဖြစ်နေဆဲမို့ ထိုလူကြီးလူကောင်းဆန်လှသည့်အပြုအမူသည်ပင် လင်းဟန်ကိုလုံးဝစိတ်မလှုပ်ရှားစေနိုင်တော့ပေ။

ဤအချင်းအရာကိုမသိရှိသော ဟယ့်ယွင်ထင်သည် လင်းဟန်ကိုအလေးအနက်ထားကာ စိုက်ကြည့်နေမိပြီး ထိုသူ့လက်များပေါ်တွင်ရှန်ပိန်အစွန်းအထင်းများမကျန်တော့သည့်အချိန်မှ အဝေးသို့ခပ်‌ရေးရေးမျှအကြည့်လွှဲလိုက်၏။

လင်းဟန် ခေါင်းကိုမော့လိုက်သည့်အခါ အကြည့်လွှဲသွားသည့်‌ဟယ့်ယွင်ထင်ကိုတွေ့လိုက်ရသည်။သူ့မျက်ခုံးတန်းများက အေးစက်သည့်အသွင်‌ဆောင်နေကာ စစ်ဦးထုပ်၏ဖုံးကွယ်ခြင်းကိုမခံထားရသည့်နေရာ၌ ငွေရောင်ဆံစများကျလျက်ရှိ၏။

ထိုသူသည် အခုလေးတင်ဒဏ်ရာကိုထိမိထားပြီး သူ့အားလက်ကိုင်ပဝါကမ်းပေးလာသူ၊ပြီးတော့ စိတ်ထဲ၌ သူ့အနံ့ကောင်းမွန်ကြောင်းကိုပြောနေခဲ့သူ မဟုတ်သည့်အလားပင်။

"ဗိုလ်ချုပ်?"

သူတွေးနေသည်မှာ ထိုအရာမှန်းသေချာသွားသည့်အခါ လင်းဟန်၏ထိတ်လန့်မှုနှင့်ဒေါသထွက်မှုတို့က ပျောက်ဆုံးသွားရတော့၏။ထို့ကြောင့် သူစကားပြန်ပြောလာသည့်အခါ သူ့ပုံစံကစိတ်ဆိုးသည့်ပုံမပေါ်တော့ရုံသာမက သူ့မျက်နှာကိုမော့လိုက်ရင်း နှုတ်ခမ်းထောင့်များကို အဓိပ္ပာယ်ရှိရှိဖြင့်ကွေးညွှတ်ထားလိုက်သည်။

I Can Read Minds But Will Not Be Marked [ဘာသာပြန်] Место, где живут истории. Откройте их для себя