1

35.4K 425 68
                                    

//တီ...တီ...တီ...တီ//

နံနနက် 7 နာရီ အတိတွင် မြည်လာသော ကုတင်ဘေးကနိုးစက်ကို နိုခြူးသည် ကျင့်သားရနေသည့်အတိုင်း လက်ဆန့်ကာ လှမ်းပိတ်လိုက်ရင်း အိပ်ယာပေါ်မှထထိုင်ကာ အိပ်ချင်မပြယ်သေးသော စိတ်တို့ကြောင့် ခနတာ မှိန်းလိုက်ပါသည်။ထို့နောက် သူမရဲ့ ခပ်ပြေပြေ လိုင်းတွန့်ဆံပင်တို့ကို အိပ်ယာဘေးက ကလစ်တစ်ခုနဲ့ စုကာ အနောက်သို့ညှပ်ရင်း မျက်နှာပေါ်ကျနေသော ဆံပင်တို့ကို ရှင်းစေလိုက်၏။ ပြီးသည်နှင့် မနက်ခင်းပိုင်း၏ ပုံမှန်အလုပ်ဖြစ်သော တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကိုလုပ်ရန် ရေချိုးခန်းထဲသို့ ၀င်လာပါတော့သည်။ရေခိုးငွေ့တို့ကြောင့် ဝါး‌နေသော ရေချိုးခန်းထဲမှမှန်ကို နိုခြူးမှ လက်နှင့်အသာသုတ်ရင်း ရှင်းစေလိုက်သည်။ ရှင်းလင်းသွားသော မှန်ပေါ်တွင် မြင်‌နေရသည့် သူမPart မျက်နှာလေးက မြင်သမျှလူကို ငြိမ်သက်သွားစေလောက်သည်အထိ ဆွဲဆောင်နိုင်သည့် မျက်နှာမျိုးဖြစ်သည်။

နိုခြူးသည် ရေစိုနေသော လိုင်းတွန့်ဆံပင်တို့ကို တံဘက်တစ်ခုနှင့် ထုံးကာပေါင်းလျက် ‌မနက်စာအတွက် ပြင်ဆင်ရန် ရေခဲသေတ္တာကို ဖွင့်ကြည့်ချိန်မှာတော့ ညအဆာပြေစားရန်သာဝယ်ထားသည့် snack များကကြိုဆိုနေသည်။ထို့ကြောင့် စိတ်အလိုမကျစွာပင် ကျစ်တစ်ချက်စုတ်သက်လိုက်ကာ နာရီကိုကြည့်တော့ 8 ခွဲနေပြီမလို့ အလုပ်သွားရင်း လမ်းကဆိုင်တစ်ဆိုင်ဆိုင်မှာသာ ၀င်စားရန် ဆုံးဖြတ်လိုက်လေတော့သည်။နိုခြူးသည် အလှအပကြိုက်သော မိန်းကလေးတစ်ယောက်ဖြစ်သည့်အ‌လျောက် မိတ်ကပ်ကိုတော့ အမြဲသေချာပြင်ဆင်၍ ကျော့"မော့"နေတတ်သည်။

သူမရဲ့ ဝိုင်းသည်လဲမဟုတ် ချွန်သည်လဲမဟုတ်သည့် မျက်လုံးသေတို့က သူမမျက်နှာရဲ့ အဓိက ဆွဲဆောင်မှုဖြစ်သည်ဟု ပြောလို့ရလောက်သည်၊ ။နှာတံခပ်ချွန်ချွန်နှင့် ကကြီးပုံ နှုတ်ခမ်းဖူးဖူးတို့ကိုလဲ နိုခြူးမှ ဆုတောင်းစရာမလိုလောက်အောင် ပိုင်ဆိုင်ထားသေးသည်။ အခုခေတ်အဆိုရဆို မီးပူဇောက်ထိုးဟုလဲတစ်ခေါ် diamond face shape ကို ထပ်မံပိုင်ဆိုင်ထားပြန်သော နိုခြူးသည် ပုရိသတွေအားလုံးအတွက် နှစ်ခါမကပြန်ငေးရမည့် ရုပ်ရည်ကိုထူးစွာမှ ပိုင်ဆိုင်ထားသည်။ သူမသည် မိတ်ကပ်မပြင်ကတည်းကပင် လိုတာထက်ပို၍ ကြည့်ကောင်းသူဖြစ်ရာ မိတ်ကပ်ပြင်ပြီးချိန်တွင်တော့ တကယ့်ကို ကြွေရုပ်ထုလေးနှင့်ပင်တူလှသည်။နိုခြူးသည် မှန်ထဲမှ မြင်နေရသော မိမိမျက်နှာလှလှအား သဘောကျစွာ ပြုံးမိလိုက်တော့သည်။

ကိုကို့ရဲ့ မြတ်နိုးရာNơi câu chuyện tồn tại. Hãy khám phá bây giờ