4

5.9K 253 121
                                    

ဒီနေ့မှာတော့သူဟာ ဟိုခွေးမသားနှစ်ကောင်ကြောင့် bar ရောက်နေရသည်။bar ဆိုပေမယ့်လဲ သောက်စားနေသည်တော့မဟုတ် အခုမှညနေ 4 ခွဲသာရှိသေးသည်မလို့ ထိုကောင်တွေနဲ့ ခဏတာအပျော်လာထိုင်ခြင်းပင်။

  "ရှိုင်းထက်ဘယ်လိုလဲ အခြေအနေ"

  "ဒီလိုပါဘဲကွာ တိုးတက်တယ်ကြီးတော့လဲမဟုတ်ပါဘူး အဆင်ပြေပါတယ်"

  "နိုခြူးကိုကိုက မင်းတွဲဖူးတဲ့သူတွေနဲ့ မတူဘူးနော် ငါ့ကောင်ကြည့်ကြပ်လုပ်ဦး"

သီဟနိုင်စကားကို သူမှအဓိပ္ပာယ်ပါပါပြုံးမိသည်။ သူမလေး ဘယ်လောက်ထူးဆန်းလဲ လက်ပေါက်ကပ်လဲဆိုတာ သူအသိဆုံးပင်။ သူလိုလူကိုတောင် မှင်သက်သည်အထိဖြစ်စေယုံသာမက ညှို့ယူစွမ်းလဲကောင်းလှသည်။

  "သေချာ‌တာပေါ့နိုခြူးက လုံး၀ကို ထူးဆန်းတာ"

  "‌ဒါတောင်မင်းက ဆက်လိုက်နေတုန်းလား"

  "မင်းကလီးစကားတွေပြောပြန်ပြီ အခုထိငါ့ကို အပျော်ကြံတယ်လို့ထင်နေတာလား"

  "မင်းကယုံရတာမှမဟုတ်တာ နိုခြူးက တစ်ခါမှရည်းစားတောင်ထားဖူးတာမဟုတ်ဘူး မင်းနိုနိုလေးကို မဖျက်စီးချင်စမ်းပါနဲ့ကွာ"

  "မင်းကိုငါလုပ်မိတော့မယ် ဝေယံအာကာ ဘယ်လိုဖြစ်နေတာလဲ ငါတကယ်ချစ်တာပါဆို မင်းတို့ကမယုံဘူး"

  "အေးလေကွာ ‌ဟျောင့် ဝေယံအာကာ မင်းဟာမင်းတစ်ယောက်ထဲကျန်ခဲ့မယ့်အဖြစ်ကို တွေးပြီးပူနေလို့ ရှိုင်းထက်ကိုတားနေတာမလား"

သူကတော့ နိုခြူးကိုအမှန်တကယ်စိတ်ပူလို့ တားပါသော်လဲ ထိုပြောမနာဆိုမနာနှစ်ကောင်က သူ့ကိုပါလာစနေတာကြောင့် မျက်နှာကြီးမှာမှုံကုတ်နေတော့သည်။ သကောင့်သားနှစ်ယောက်ကတော့ သူ့ကိုခွီမဆုံး။ မျောက်အုန်းသီးရသလို ရယ်နေတဲ့ ရှိုင်းထက်သာရဲ့မျက်နှာကြီး ရုတ်တရက်ဆိုသလို မှောင်မဲသွားတာကြောင့် ဝေယံအာကာမှ အနောက်သို့လှည့်ကြည့်ရာ နန်းသူဇာမှ ရှိုင်းထက်သာဆီသို့ တည့်တည့်လျှောက်လာတာတွေ့လိုက်ရသည်။

  "မတွေ့တာကြာပြီနော် ရှိုင်း"

ပြောရင်းသူမက ရှိုင်းထက်ဘေးမှ‌ခုံတွင်၀င်ထိုင်လိုက်သည်။

ကိုကို့ရဲ့ မြတ်နိုးရာOnde histórias criam vida. Descubra agora