6

4.2K 176 58
                                    

ရှိုင်းထက်သာဟာ ဒီနေ့မှာတော့ မိသားစုတွေ့ဆုံပွဲရှိသည်ဟုဆိုသောကြောင့် မိသားစုနှင့် ဟိုတယ်တစ်ခုသို့ရောက်နေ၏။

  "Mommy ဘယ်သူ့ကိုဖိတ်ထားတာလဲ"

  "လာမယ်လေ သားရဲ့ နေပါဦး"

  "အော...ဟိုမှာ ပြောရင်းဆိုရင်းရောက်လာပြီဘဲ"

သူ့အမေမျက်နှာမူရာကိုကြည့်လိုက်ရာ travel agency က ကုဋေတို့ မိသားစုဖြစ်နေသည်မလို့ သူတစ်ချက်တော့ စိတ်ညစ်သွားရသည်။သူ့အမေက ချက်ချင်းပင် ကုဋေ့ဆီကိုသွားကာ သူ့ဆီခေါ်‌ေ‌ဆာင်လာပြီး

  "သားဘယ်သူလေးလဲ ကြည့်စမ်း မှတ်မိသေးရဲ့လား"

  "ကုဋေကြေးမုံ"

သေချာပေါက် ရှိုင်းထက်သာ တစ်သက်လုံးဘယ်တော့မှ မေ့လို့မရမယ့်သူ။

  "မှတ်မိသားဘဲ မာမီ့သားက ကုဋေလေးက နိုင်ငံခြားကနေခုမှပြန်ရောက်လာတာသားရဲ့ "

  "အော်"

သူ့ရဲ့ခပ်အေး‌အေးဆက်ဆံပုံကြောင့် ကုဋေ့အပါအ၀င် ကုဋေ့မိဘတွေပါ မျက်စိမျက်နှာပျက်ကုန်ကြသည်။ တစ်ခြားတော့မဟုတ် သူကိုယ်တိုင်ကလဲ အခုနောက်ပိုင်း နိုခြူးမှလွဲရင် အကောင်းမြင်စိတ်ရှိချင်မနေ အထူးသဖြင့် ကုဋေကြေးမုံဆိုလျှင် မြင်ချင်စိတ်ပါရှိမနေ။

  "ကလေးတွေက မတွေ့တာကြာတော့ စိမ်းသွားကြတယ်ထင်တယ်ဗျာ ကဲလာလာ ထိုင်ကြ ထိုင်ကြ ဗိုက်ဆာနေလောက်ရောပေါ့"

ပြောရင်းသူတို့မှ စားပွဲအသီးသီးဆီနေရာယူကာ ထိုင်ကြသည်။

  "သား Nathan"

  "ဗျာ ဒယ်ဒီ"

  "သမီးကုဋေက အခုနိုင်ငံခြားကနေ ပညာတော်သင်ပြန်လာတာမလို့ သူလဲအလုပ်လေးတစ်ခုလောက်စမ်းကြည့်ချင်တယ်ပြောတယ် အဲ့ဒါငါ့သားကူညီပေးလိုက်ပါလား"

  "ကျွန်တော့် bar မှာစားပွဲထိုးမလိုဘူး ဒယ်ဒီ လူစုံပြီးသား"

သူ့အပြောကြောင့် အကုန်လုံးမျက်နှာတွေထိန်းမရအောင်ပျက်သွားတာကို မြင်လိုက်ပေမယ့်လဲ သူကတော့ ဘာမှမဖြစ်သလိုသာ ရှန်ပိန်တစ်ခွက်ကိုယူသောက်လိုက်သည်။

ကိုကို့ရဲ့ မြတ်နိုးရာDonde viven las historias. Descúbrelo ahora