part - 18

8.4K 118 18
                                    

နိုခြူးသည် မနက် 7 နာရီတွင် မျက်လုံးတို့က ထပ်အိပ်၍ မရ‌တော့ဘဲ ဆတ်ခနဲပွင့်လို့လာသည်။အမှန်တော့ အိပ်ယာပြောင်းအိပ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာလဲပါမည်။သူမ၏ တည်းခိုခန်းအ‌ေရှ့တွင် ‌လမ်းဘေးဈေးခင်းကြီးရှိတာကြောင့် အခုချိန်ကတည်းက ကားသံ လူသံများနှင့် တညံညံဆူနေတော့သည်။နိုခြူးသည် စောင်ကိုအသာလှပ်ကာ ခြေထောက်ဆင်းလိုက်ပြီး သူမ၏ ခွေကျနေသော ဆံပင်တို့ကို အိပ်ယာဘေးတွင် အသင့်ဆောင်ထားသော ကလစ်လေးနှင့် ညှပ်ကာ လိပ်တင်လိုက်ပါတော့သည်။အဲယားကွန်း သိပ်မရ၍ သူမနေရာက အိပ်လို့အရမ်းအဆင်ပြေနေသည်မဟုတ်။အခုတောင် သူမသည် အနည်းငယ်ပူလာသလို ခံစားရ၍ အခန်းပြတင်းပေါက် နှစ်ပေါက်သုံးပေါက်လောက်ကို ထဖွင့်လိုက်သည်။

ပြီးသည်နှင့် သူမက အခန်းထဲခေါင်းဝေ့ကာ သူမကုတင်ကို နောက်ကျောပေးကာ အိပ်နေသောသူ့ကို ကြည့်မိလိုက်သည်။မနေ့ညက သူကအိမ်ပြန်ရန်ခေါ်ပါသော်လဲ ဒီနေ့တစ်ရက်တော့ နေလိုက်ဦးမည်ဟု သူမမှပြောသောကြောင့် သူပါပေတေပြီး နေခဲ့တာဖြစ်သည်။မနေ့ညကပြန်အဆင်ပြေခဲ့ကြပေမယ့် သူမအမေကြောင်း နိုခြူးမှ တစ်ခွန်းမှမဟမိ။ဟဖို့လဲ အစီအစဉ်မရှိပါ သူမကို သူနဲ့ပက်သက်လာပြီးမှ စိတ်ပျော့သွားတယ်လို့ မထင်စေချင်သောကြောင့်ပင်။ထို့နည်းတူ သူကလဲ ဓာတ်ပုံအကြောင်းပြောပြမလာပါ။ဟိုတယ်မဟုတ်သည်ကြောင့် အခန်းထဲတွင် ဆိုဖာမရှိ ရိုးရိုးသစ်သားထိုင်ခုံအရှည်သာ ချထားသည်။ထိုထိုင်ခုံပေါ်တွင် သူ့အရပ်ကြီးနှင့် ဘယ်လိုမှမဆံ့သည်ကြောင့် ခြေထောက်ကိုခုံလက်တန်းပေါ်တင်၍ အင်္ကျီကိုခေါင်းခုကာ ဖြစ်သလိုအိပ်နေသော သူ့ကိုတွေ့ရသည်။ထိုအခါသူမမှ သူခေါင်းနာနေမည်စိုး၍ သူ့လက်မောင်းကိုပုတ်ကာ

  "ကိုရှိုင်းထက်သာ ကိုရှိုင်းထက်သာ ထတော့"

သူမမှခေါ်တော့ ထိုလူက မျက်လုံးနှစ်ဖက်ကို မပွင့်တပွင့်နှင့် လှမ်းကြည့်လာကာ သူ့ကိုပုတ်နေသော သူမလက်ကိုဆွဲချပြီး သူ့ပေါ်ထပ်အိပ်စေလိုက်သည်။ပြီးသည်နှင့် သူမထလို့မရအောင် ခါးနှစ်ဖက်ကိုတင်းနေအောင်ဖက်ထားတော့သည်။

ကိုကို့ရဲ့ မြတ်နိုးရာTempat cerita menjadi hidup. Temukan sekarang