7

3.2K 142 50
                                    

ညနေစောင်းအချိန်တွင် နိုခြူးသည် သူမဆွဲထားသောဒီဇိုင်းကို အချောသက်ခိုင်းဖို့အတွက် Liam ၏ ကုမ္ပဏီကို ရောက်နေခဲ့တော့သည်။ တစ်နာရီခွဲလောက်စောင့်ပြီးချိန်မှာတော့ သူမ design လေးကလှပသေသပ်စွာ ထွက်ပေါ်လာတော့သည်။

  "ကျေးဇူးဘဲ Liam"

  "မလိုပါဘူး ဒါပြီးရင်ညစာသွားစားမှာမလား အိမ်လိုက်ခဲ့ မိတ်ဆက်ပေးစရာလူရှိတယ်"

  "ဟင် ဘယ်သူနဲ့လဲ"

  "ရောက်ရင်သိမှာပေါ့ လာသွားမယ်"

အဲ့ဒီလိုနဲ့ဘဲ နိုခြူးကိုကိုမှ သူ့အိမ်ဆိုသည့်နေရာကိုလိုက်သွားရတော့သည်။ ခြံအကျယ်ကြီးထဲတွင် ရန်ကုန်ကအိမ်တော်တော်များများလို သစ်ပင်တွေနှင့် ပန်းပင်တွေက ခြံထဲတွင်ပြည့် ရှိနေသည့်အပြင် အိမ်အနောက်ဘက်မှာ ရေကူးကန်ကျယ်တစ်ခုကရှိနေသေးသည်။ သို့ပေမယ့် အိမ်အကျယ်အ၀န်းကတော့ တော်တော်ကျယ်ကျယ်၀န်း၀န်းပင်မလို့ သူတစ်ယောက်တည်းနေတာတော့ မဖြစ်နိုင်လောက်။ သူမ၀င်သွားတော့ ဧည့်ခန်းထဲက ဝှီးချဲပေါ်မှာ ထိုင်ကာ ချည်ထိုးနေသော အဖွားအိုတစ်ယောက်ကိုတွေ့လိုက်ရ၏။

  "ဖွားဖွား"

  "‌ပြန်လာပြီလား Liam လာပါဦး ဖွားဆီကို"

ထိုအဖွားကခေါ်တော့ Liam က ထိုအဖွားအရပ်နှင့်ညီအောင် အရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီး ဖွားရင်ခွင်ထဲသို့သူ့အရပ်ကြီးနဲ့ ကလေးတစ်ယောက်လိုတိုး၀င်တော့လေသည်။ သူကဒီလိုလဲ ချွဲတတ်သေးတာလားဟု နိုခြူးမှတွေးမိသည်။ နိုင်ငံခြားသူတစ်ယောက် ဖြစ်ပေမယ့် အဖွားသည် မြန်မာစကားကို မြန်မာလေသံထွက်အောင် ပြောနေနိုင်သည်ကြောင့် ကြည့်ရတာ မြန်မာပြည်မှာအနေကြာတဲ့ပုံပင်။ တစ်ခေါင်းလုံးမှာလဲ ဆံပင်အနက်ပင်ရှာမရအောင် ဖြူဖွေးနေပြီး အသက်ကြီးလာတာနဲ့အမျှ လက်တွေကလဲတုန်တုန်ယင်ယင်ဖြစ်နေသည်။

  "အော် ဧည့်သည်ပါလာတာဘဲ ဘယ်သူလဲ ဒါမှမဟုတ် သူက..."

အဖွားပြောသည့်စကားကိုသူမက ပြုံး၍ နားထောင်နေစဉ် Liam မှဆက်‌၍မပြောအောင် အဖွားကိုအသာထိန်းလိုက်သည်။

ကိုကို့ရဲ့ မြတ်နိုးရာWhere stories live. Discover now