8

4.1K 140 62
                                    

ဖူးခက်နွယ်မှယနေ့နဲ့ဆို ရှိုင်းထက်သာဆီ အလုပ်၀င်တာ တစ်လကျော်ကျော်ပင်ရှိနေပြီဖြစ်သည်။ သူမဟာ ရှိုင်းထက်သာ၏ ယုံကြည်မှုကိုရအောင်လုပ်ဖို့က ထင်တာထက်ပင်ခက်ခဲခဲ့သည်။ ရှိုင်းထက်သာသည် အနောက်တိုင်းစပ်၍လားတော့မသိ သူတစ်ဖက်သားကိုဆက်ဆံပြောဆိုပုံများက အနောက်တိုင်းဆန်လှသည်။ စကားအပြောအဆို ပြေပြစ်ကာတစ်ဖက်လူကို လေးလေးစားစားဆက်ဆံသည်။ ထို့ကြောင့်သူမအတွက် ချဥ်းကပ်ရပို၍လွယ်ကူသည်မှာအမှန်ပင်။ စစကတော့ ရှိုင်းထက်နှင့်အကျပ်ကိုင်၍ နိုခြူးဆီတွင် ငွေညစ်ရန်သာဖြစ်သော်လဲ ကြိုးချင်းထားကြိုးချင်းညှိဆိုသလို သူမသည်ရှိုင်းထက်အပေါ်တွင် အဖြူရောင်စိတ်တို့ အရောင်ဆိုးလာခဲ့ရသည်။ သူမဆိုလိုချင်သည်မှာ အရာရာပြီးပြည့်စုံသော ရှိုင်းထက်လိုလူတစ်ယောက်ကို ရင်မခုန်မိသည့်သူက အဘယ်မှာရှိပါမည်နည်း။ နိုခြူးကိစ္စကိုသူမဘက်မှ စိတ်လဲမ၀င်စားသလို သူ့ငွေကိုလဲမရချင်တော့ အဓိကက ရှိုင်းထက်မှသူ့ကို စိတ်၀င်စားလာပင်ပင် ထိုမှသာ ရှိုင်းထက်ကိုလဲရ၍ ပိုက်ဆံလဲ၀င်မည် တစ်ချက်ခုတ်နှစ်ချက်ပျက်ဖြစ်မှာအသေအ‌ချာ။

ဖူးခက်နွယ်မှ ရုံးခန်းထဲမ၀င်ခင် အင်္ကျီကိုအသေအချာပြင်ဆင်၍ ဆံပင်လေးဘာလေးသပ်ကာ တံခါးခေါက်လိုက်သည်။

"၀င်လာခဲ့"

"Boss ဒီမှာပါ အရင်တစ်ပတ်က boss လုပ်ခိုင်းထားတဲ့ စာရင်း"

"အင်းထားခဲ့လိုက် အော်ပြီးတော့ ဖူးခက်"

"ရှင် ဆရာ"

"ကိုယ်ဒီနေ့ရုံးစောစောဆင်းမှာမလို့ ၀န်ထမ်းတွေကိုမင်းကိုအပ်မယ်နော် ဂျာကြီးကိုလဲခေါ်သွားမှာမလို့မင်းကဘဲ ဒီနေ့အလုပ်တွေကြည့်လုပ်လိုက်ပါ"

"ဟုတ်ကဲ့ boss"

"ပြီးတော့ မနက်ဖြန် volunteer ခရီးစဉ်က မင်းပါလိုက်ရမယ်နော် ကြိုတင်ပြင်ဆင်ထားလို့ရအောင် ပြောပြတာ"

"ဟုတ်ကဲ့ boss နွယ်ပြင်ထားလိုက်ပါ့မယ် boss အတွက်ရောဘာပြင်ပေးရဦးမလဲ"

"Ummm ကိုယ့်အတွက်က သံပရာရည်စစ်စစ်လေးတွေရချင်တယ် ပျားရည်နဲ့ရောထားတာပိုအဆင်ပြေတယ်"

ကိုကို့ရဲ့ မြတ်နိုးရာWhere stories live. Discover now