PT ( 2 )

279 44 2
                                    

( Zawgyi )


ကားထဲရောက်တော့ ဆောင်းချန်းက အနောက်ဘက်က နှစ်
ယောက်ကို တစ်ချက်ကြည့်ကာ

"ဘာလို့ ဧည့်သည်ပါမယ်ဆိုတာ ကြိုမပြောတာလဲ"

"မေ့သွားတာ သူကလည်း သွားခါနီးမှ လိုက်မယ်ဆိုလို့ ငါလည်း
အကြောင်းမကြားဖြစ်တာ"

"ဒါနဲ့ အဲ့အစ်ကိုက အိမ်မှာနေမှာလား ဟိုတယ်မှာနေမှာလား"

မင်းဟျောင်းက ဂျယ်မင်းကိုကြည့်လိုက် ဆောင်းချန်းကိုကြည့်
လိုက်နဲ့ အတွေးများနေလေရဲ့

ဂျယ်မင်းက သူ့အိမ်မှာနေပါလို့ပြောထားပေမဲ့ အရှေ့က ကောင်
လေးကတော့ သိပ်ကြည်တဲ့ပုံမပေါ်

"အင်း ဒီမှာ အကောင်းဆုံး ဟိုတယ်တွေရှိလား"

"အများကြီးဘဲ"

"မင်းတို့အိမ်နဲ့ နီးတဲ့ဟိုတယ်လေ"

"ရှိတယ် ဆောက်ပြီးတာမှမကြာသေးဘူး"

"ပြောပါဦး"

"ကျွန်တော်တို့ရပ်ကွက်က လမ်းမကြီးနဲ့ နည်းနည်းဝေးတော့ဟို
တယ်က သိပ်မကြီးပါဘူး ဆယ်ထပ်ပါ"

"ဆယ်ထပ်လား မဆိုးပါဘူး အပြင်အဆင်တွေကရော"

မင်းဟျောင်းက သိချင်ဇောနဲ့မေးလာပြန်သည်

"ဆယ်ထပ်မှာ အောက်ထပ်တွေကတော့ သူများတွေ ယူပြီးသွား
ပြီ အပြင်အဆင်ကတော့ မဆိုးပါဘူး ဒါပေမဲ့ သန့်စင်ခန်းက
အောက်ဆုံးအထပ်မှာဘဲရှိတာ"

"ဟာ မင်းဟာကြီးကလည်း အီးအီးပါချင်လို့ အပေါ်ထပ်ကနေ
အောက်ထပ်ကို ဆင်းရင် လမ်းတစ်ဝက်လောက်မှာတင် ထွက်ကြ
သွားနိုင်တယ်"

စိတ်ပျက်လက်ပျက်နဲ့ ဖြစ်နေတဲ့ မင်းဟျောင်းကို ဂျယ်မင်းကြည့်
ရင်း ရယ်ချင်လာတော့သည် ဆောင်းချန်းကလည်း ဘာဖြစ်လို့
ဖြစ်နေမှန်းမသိ

"ငါ့အိမ်မှာနေလို့ ပြောထားတယ်လေကွာ"

"အေးပါ မဟုတ်ရင်လည်း ပေါက်ကောင်းခြင်းမပေါက်ရပါကောင်း
ခြင်းမပါရ ဖြစ်နေမယ်"

"အေးပါကွာ"

"ဒါနဲ့ မင်းတို့အိမ်ကတော့ ...."

Love Is Yours  [ S2 ]Where stories live. Discover now