PT ( 7 )

236 37 9
                                    


( Zaw )

"ဂျယ်မင်းက စာအုပ်ဖတ်ရတာသဘောကျတာလား"

"နည်းနည်းပါ ဒါနဲ့ဒီစာအုပ်က ရွမ်ကျွင့်ရေးထားတာဆို"

"ဟုတ်ကဲ့"

သူနဲ့တူတဲ့ သူအကြောင်းရေးထားတာပေမဲ့ သူ့အကြောင်း
လိုဘဲမို့

"ဖတ်ရတာ အဆင်ပြေလား"

"ပြေပါတယ်ဗျာ ကျွန်တော်တောင် ဒီဇာတ်လမ်းထဲကဇာတ်
ကောင်ဖြစ်သွားသလိုဘဲ"

တကယ်တမ်းလည်း ဇာတ်ကောင်က သူဘဲမဟုတ်လား
လေ

"လာပြန် အပ်တာပါ ခွင့်ပြုပါဦး"

"ဟုတ်ကဲ့ ကောင်းကောင်းပြန်ပါ"

"ကြိုးစားလိုက်ပါဦး"

ပြုံးပြပြီး ထွက်ခွာသွားတဲ့ ကျောပြင်ငယ်လေးကို ရွမ်ကျွင့်
အမြတ်တနိုးငေးကြည့်နေမိသည်

"ကျွန်တော်ဘာလို့ ခင်ဗျားကိုသဘောကျနေရတာလဲ"

သက်ပြင်းချလိုက်ပြီး သူ့အလုပ်တွေကိုသာ ဆက်လုပ်နေ
တော့သည်

"အားးး ဒီသောက်လုပ်တွေကတော့!!"

ဂျယ်မင်းထွက်သွားပြီး ရွမ်ကျွင့်အော်လိုက်ခြင်းပင်....

အလုပ်ချိန်ပြီးလို့ အိမ်ပြန်လာတော့လဲ အိမ်မှာ အငြိမ်မရှိ
တဲ့ ဟယ်ချန်းကြောင့် စိတ်ညစ်ရသေးသည်

မင်ဟျောင်းက တွေ့ဖို့ချိန်းတယ်ဆိုလို့ သွားရင်ဝတ်မဲ့အ
ဝတ်အစားတွေကို ရွေးနေလေရဲ့

"ငါဒါနဲ့ လိုက်ပါ့မလား မဟုတ်သေးပါဘူး"

မှန်ရှေ့မှာမှန်ပေါက်ထွက်မတက် ကြည့်နေတဲ့ ဟယ်ချန်း
ကိုမှန်စောင့်နတ်ကတော့ ကြိမ်နေပြီထင်သည် အပြင်က
သူတို့တောင်အမြင်ကတ်နေတာမို့လေ

"အဲ့တာ ဝဋ်လည်တာ"

တာရိုက ငြိမ်နေရင်းနဲ့မှ ပြောလိုက်ခြင်းပင်

"အဲ့တာ ငါ့တုန်းကပြောထားလို့ အခုမင်းဝဋ်လာတာ
နည်းတောင်နည်းသေးတယ်"

ခြေနဲ့လက်နဲ့ ပြောနေတဲ့ တာရိုဆီကိုမကြည်ကြည့်နဲ့ကြည့်
နေပြီးမှ ရွမ်ကျွင့်ဆီကိုအကြည့်ရောက်လေသည်

Love Is Yours  [ S2 ]Where stories live. Discover now