PT ( 13 )

167 29 13
                                    

(ZAWGYI)

စကားတွေအများကြီးနဲ့ဖော်ပြလို့မရရင်တောင်မှ ကျွန်တော်
ချစ်တာ ခင်ဗျားကိုဘဲဆိုတာ ခင်ဗျားသိရင်သိပ်ကောင်းမှာ
ဘဲ ဂျယ်မင်းနီ.....

ဟယ်ရီယာနာဆိုတဲ့ စုန်းမလေးဟာလည်း သူချစ်ရတဲ့
ဂျယ်မင်းကိုပြန်ရဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်း
မှုအပြီးမှာ ပြန်ရတော့မယ်

"ကျွန်မ ဒီနေ့ဘဲရှင့်ကိုလာခေါ်တော့မှာ ဂျယ်မင်း"

ဝတ်ဆင်ထားတဲ့အနက်ရောင် ဂါဝန်အစား တခြားလှပတဲ့
အဝတ်အထည်ကိုဆင်မြန်းပြီး အလှဆုံးအပြုံးပြုးကာ
ဟယ်ရီယာနာက သူ့အစီအစဉ်တွေကိုအကောင်အထည်
ဖော်ဖို့ စတင်လေပြီ

ဟုတ်တယ်....လှပတဲ့သူတွေက အရမ်းကြောက်ဖို့
ကောင်းတယ်

ဂျယ်မင်းတစ်ယောက် လေကောင်းလေသန်းရှူနေတုန်း
မှာဘဲ

"ညက ခြင်ကိုက်လိုက်တာမှ အိပ်လို့တောင်မရဘူး"

"ခြင်ဆေးခွေထွန်းလို့ ကျွန်တော်မပြောဘူးလား"

"အေ...အဲ့ဒီမင်းပြောတဲ့ ခြင်ဆေးခွေကို လိုက်ရှာရတာ
၂ နာရီတောင်ကြာတယ်ကွ မတွေ့လို့"

"ဘာ!!! ဘယ်လို"

ဂျောင်ဆောင်းချန်း အော်သံကပေါ့သေးသေးမဟုတ်ပင်
အဆိုတော်လုပ်စားရင် မိုက်ကြီးကွဲထွက်မလားဘဲ

အလုပ်က ဝန်ထမ်း ထယ်အီလ်နဲ့ ခပ်ဆင်ဆင်

"မင်းမေကြီးတော်ဖြစ်လို့  အော်နေတာလား"

"ခြေရင်းမှာ ခြင်ဆေးခွေ ဖာလိုက်ချထားတာကြီးကိုမ
မြင်ဘူးဆိုတော့"

"ဟမ်..ခြေရင်းကဟာက ခြင်ဆေးလား"

"အမယ်လေး အမယ်လေး အမယ်လေး ငါသွေးတက်"

ခြင်ဆေးခွေမသိတဲ့ မင်ဟျောင်းနဲ့ အပြောအဆိုနဲ့သရုပ်
ဆောင်ပိုင်တဲ့ ဆောင်းချန်းတို့ တွေ့ကြပါလေရော

"မသိလို့ပေါ့ကွ"

"မသိရင်မေးလေ တကယ်တည်းနော် ခြင်ဆေးခွေကိုကျ
မတွေ့ဖူးဘူးတဲ့ အီဟယ်ချန်းကိုတော့တွေ့တယ်မလား"

"တွေ့တယ် တွေ့တယ်"

"အေ... အဲ့တာ လူပြေးခွေလို့ ခေါ်တယ်"

Love Is Yours  [ S2 ]Where stories live. Discover now