PT (14) Final

225 29 7
                                    

(Zaw)

"ဂျယ်မင်းနီ ဂျယ်မင်းနီ"

"သြော် အထဲမှာရှိတယ် ဝင်သွားလိုက်လေ"

ရွမ်ကျွင့်ခေါင်းငုပ်ပြလိုက်ပြီး ဆောင်းချန်းနဲ့ မင်ဟျောင်းကို
ကျောခိုင်းခဲ့ကာ သူချစ်ရတဲ့သူရှိရာဆီသို့

"ဂျယ်မင်းနီ"

ခေါ်နေပေမဲ့ အရိပ်လည်းမတွေ့ရသလို အကောင်လည်း
မမြင်ရ အသံတောင်မကြားရ

"ဂျယ်မင်းနီ ဘယ်မှာလဲ"

စားပွဲခုံက မုန့်ကလွဲရင် ဘာမှ ထူးခြားတာမရှိ မုန့်လေးက
အနက်ရောက်တဲ့ ငချိတ်များလား ထင်ခဲ့ပေမဲ့ မဟုတ်ခဲ့
ဂျုံ အမဲများသာ ဖြစ်သည်

အနက်ရောင်နဲ့ ဆိုရင်တော့ဖြင့် ရွမ်ကျွင့်ရင်တွေပူလွန်းလှ
ပြီလေ မတော်လို့များဖြင့်..

"ဆောင်းချန်း ဂျယ်မင်းရော"

"အထဲမှာလေ မရှိဘူးလား"

"ဘာအရိပ်ယောင်မှ မတွေ့ရဘူး"

"ဘယ်လို!!"

မင်ဟျောင်းနဲ့ ဆောင်းချန်းတို့ အိမ်နဲ့ခြံအနှံ့ကိုရော နည်း
နည်းနီးတဲ့ နေရာလေးတွေပါ လိုက်ရှာခဲ့ကြပေမဲ့ ဂျယ်မင်း
နဲ့တူတာရယ်လို့ ဘာမှကိုမတွေ့ရ

"ဂျယ်မင်းက ဘယ်သွားမယ်လို့ ဘာမှမပြောသွားဘူးလား"

"ဘာမှကို မပြောတာ"

"ဒါဆို ဟိုမိန်းမလက်ချက်ဘဲ ဖြစ်ရမယ်"

"ဘယ်မိန်းမလဲ"

"ဟယ်နာလေ သူနဲ့ဂျယ်မင်း အတူတူရှိနေတာ အခုတော့
သူ့ကိုလည်းမတွေ့ ဂျယ်မင်းကိုလည်းမတွေ့"

"အထဲမှာတော့ ဂျုံအမဲနဲ့လုပ်ထားတဲ့မုန့်တွေတွေ့တယ်"

ဆောင်းချန်းကတစ်ခုခု တွေးမိသွားဟန်ဖြင့်

"အဲ့မိန်းမ လာတုန်းက မုန့်ကိုင်လာတာ အခုမှသတိရ
တယ် ဒါပေမဲ့ မုန့်ကအဖြူလေးတွေပါ"

"ဒါပေမဲ့ အနက်ဖြစ်နေတယ်လေ အခုက"

"သေချာတာကတော့ ဒီမိန်းမ ဆေးနဲ့လုပ်သွားတာဘဲ
ဖြစ်ရမယ်"

ရွမ်ကျွင့်မှာ အသက်ရှူ တွေတောင် မှားချင်လာသည်
သူထင်ထားတဲ့နေ့က ထင်ထားတာထက် ပိုပြီးစောစော
ရောက်လာခဲ့တာကိုးး

Love Is Yours  [ S2 ]Where stories live. Discover now