PT ( 9 )

203 36 7
                                    

( Zaw )



"အစကတော့ စုန်းမျိုးနွယ်နဲ့ မိစ္ဆာမျိုးနွယ်တွေက ရန်ဘက်
တွေပေါ့ ဘာလို့ရန်သူတွေဖြစ်သွားကြလဲ ဆိုတာတော့
ဦးလေးလည်း မသိဘူး ဒီလိုနဲ့ နည်းနည်းကြာလာတော့
စုန်းမျိုးနွယ်က အလှလေးနဲ့ မိစ္ဆာမျိုးနွယ်က သခင်လေးတို့
က ချစ်ကြိုက်သွားကြတယ်တဲ့ ပြီးတော့ အဲ့ဒီစုန်းမျိုးနွယ်လေး
ကပျောက်ဆုံးသွားတယ် အချိန်နည်းနည်းထပ်ကြာတော့
လူသားတစ်ယောက်က အဲ့ဒီအချစ်စည်းဝိုင်းထဲမှာပါလာ
ခဲ့တယ် ပြီးတော့ အခန့်မသင့်တာတွေဖြစ်ကြရင်း သေဆုံး
သွားကြတယ်လေ"

သုံးယောက်စလုံး ဇာတ်လမ်းလေးကို အသေးစိတ်နား
ထောင်နေကြရင်း ဟယ်ချန်းက သိချင်တာလေးတွေရှိလာ
တော့သည်

"ဘယ်လိုသေသွားကြတာလဲ"

"စုန်းမျိုးနွယ်ကတော့ ကျိန်စာမိပြီး သေသွားတယ်လို့တော့
ပြောကြတာဘဲ ကျန်တဲ့နှစ်ယောက်ကတော့ ဦးလေးလည်း
မသိဘူး"

"နောက်ဝင်လာတဲ့ လူသားကို အဲ့ဒီသခင်လေးကချစ်ခဲ့
လားဟင်"

ထိုမေးခွန်းအဆုံးမှာ ရွမ်ကျွင့်ရင်ထဲ လှိုင်းတစ်ခုဖြတ်သွား
ရသည် ထူးဆန်းတဲ့ ခံစားချက်လိုမျိုး

"စုန်းမျိုးနွယ်နဲ့ ချစ်ခဲ့တာတော့ ဟုတ်ပေမဲ့ အဲ့ဒီလူသား
နဲ့ကတော့ ဦးလေးလည်း မသိဘူးလေ အကယ်၍ တကယ်
ချစ်ခဲ့တာဆိုရင် အဲ့ဒီအကြောင်းက ရှိနေရမှာပေါ့"

"အဲ့ဒီလူသားက ဝင်ရှုပ်လိုက်တာဘဲ"

ရွမ်ကျွင့်က ဟယ်ချန်းဆီကို မျက်စောင်းတွေ ထိုးလွှတ်
လိုက်မိသည် သူကိုယ်တိုင်လည်း ဘာလို့ လုပ်မိမှန်းလည်း
မသိ

"ဘာလဲ အဲ့လူသားကမင်းမို့လို့လား"

"အေ!ငါသာဆိုရင် မင်းသေပြီ အီဟယ်ချန်း"

"သေ သေပေါ့ ဟွန့်"

"ဒါနဲ့ ကျွန်တော်မေးချင်တာရှိလို့"

တာရိုက တိတ်နေရာမှ ဝင်ပြောလာတော့

"ပြောလေ တူလေးရဲ့"

"ဟိုဟာလေ soulmate ဆိုတဲ့ အရာမျိုးတွေ ရှိတယ်
မဟုတ်လား အဲ့ဒီသခင်လေးရဲ့ soulmate က ဘယ်
သူလဲဟင်"

Love Is Yours  [ S2 ]Where stories live. Discover now