( Zaw )"အရာမရောက်တာတွေ တော်စမ်းပါကွာ"
အပြန်လမ်းမှာ ဂျယ်မင်းက စိတ်ပျက်ပျက်နဲ့ သူတို့နှစ်
ယောက်ကို ပြောဆိုနေခြင်းပင်"ဒါပေမဲ့ အဲ့တာတကယ်ရှိခဲ့တာနော် ပြီးတော့မင်းက..."
ဂျယ်မင်းက မင်ဟျောင်းကို အကြည့်စူးစူးနဲ့ ကြည့်လိုက်
ပြီးမှ"ငါအဲ့လို ရူးကြောင်ကြောင်တွေ စိတ်မဝင်စားတာသိတယ်
မဟုတ်လား""သိပါတယ်"
ဂျယ်မင်း ပုံစံက အရမ်းကို စိတ်ပျက်နေဟန်ပင် ရှိသည်
ကြည့်ရတာ အရမ်းမွန်းကျပ်နေသလိုပင်"ဟိတ်ကောင် မင်းစဉ်းစားကြည့်စမ်း"
နှစ်ယောက်ထဲ ဂျယ်မင်းမကြားအောင် တိုးတိုးလေးပြော
နေကြတော့သည်"ဘာကိုလဲ"
"သုံးယောက်လုံး ဆုံပြီလို့ ပြောလိုက်တယ်နော် အဲ့တာ
ဆို လူသားလည်း ဒီကိုရောက်နေပြီ ဆိုတာဘဲ""ဟုတ်မယ်နော် ဒါနဲ့ ဘယ်သူများလဲ"
"အေးကွာ ဘယ်သူလဲ မသိ"
သူတို့ရဲ့ အတွေးကို နယ်ချဲ့လိုက်ပေမဲ့ အတွေးကနည်း
နည်းမှ ထွက်မလာ ဘယ်သူမှန်းမသိတာကို ခန့်မှန်းနေ
ကြပေမဲ့ ဘယ်သူမှန်း သူတို့မသိအိမ်ရှင် ဖြစ်သူက ချောင်းဟန့်သံပေးမှ
"လန့်တာဗျာ"
"အမယ် အတွေးလွန်နေပြီးတော့များ"
"ဦးလေး ဘယ်ကပြန်လာတာလဲ"
"ဟိုဘက်ပိုင်းမှာ ဧည့်သည်တွေလာလို့ သွားတွေ့တာလေ"
မင်ဟျောင်းနဲ့ ဆောင်းချန်း တစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ပြီးမှ"သေချာတယ်!"
"ဘာသေချာတာလဲ"
"ဟိုလေ ဟိုလူသား"
"ဟုတ်လောက်တယ်!!"
မင်ဟျောင်းက အသံဗြဲကြီးနဲ့ ထအော်တော့သည်
"အမယ်လေး ငါကပြန်လန့်ရတော့မယ်"
"ဟီး"
ချစ်စရာအပြုံးနဲ့ ပြန်ပြုံးပြလိုက်ပြီး မင်ဟျောင်းက ပြန်
ငြိမ်သွားသည် ဆောင်းချန်းကတော့ ခေါင်းခါလျက်
YOU ARE READING
Love Is Yours [ S2 ]
Fanfiction"ကျွန်တော်က ခင်ဗျားကိုတကယ်ချစ်တာ" S1 က Mayyrii တင်ထားပါသေးနော် အဆက်အစပ်မိချင်ရင် အဲ့ဒီက ဘဲ ဖတ်လိုက်ပါ "ကျွန်တော်က ခင်ဗျားကိုတကယ်ချစ်တာ" S1 က Mayyrii တင်ထားပါသေးနော် အဆက်အစပ်မိချင်ရင် အဲ့ဒီက ဘဲ ဖတ်လိုက်ပါ