"ကိုကို ဘာတွေ တွေးနေတာလဲ ရံရံခေါ်နေတာကြာနေပြီလေ"
ရံရံ ကျောင်းဆင်းတာကို စောင့်ရင်း မနက်ကတွေ့ခဲ့တဲ့ ကလေးလေးအကြောင်းပြန်စဉ်းစားနေတာနဲ့ပဲ ရံရံခေါ်တာကို မကြားဘူးဖြစ်သွားတယ်
"Sorry ရံရံ ကိုကို အတွေးလွန်သွားတယ် သွားရအောင်"
"ဟုတ် ကိုကို"
"ကိုကို"
"ဟင် ရံရံ"
"ရံရံ တို့ shoppingထွက်ကြမလား"
"ရံရံလေးက ဘာလိုချင်လို့လဲ"
"လိုချင်တာတော့ မရှိပါဘူး ကိုကိုက ဒီနေ့ သိပ်activeမဖြစ်လို့ စိတ်အပြောင်းအလဲ ဖြစ်အောင်လို့ပါ"
မာန်ပြုံးလိုက်ရင်း ရံရံခေါင်းလေးကိုဆွဲဖွကာ
"ဟုတ်ပါပြီ shoppingထွက်ကြတာပေါ့"
ကိုကို့ဆီက ထွက်လာတဲ့ စံပါယ်ပန်းအနံ့သင်းသင်းလေးကို ရူရှိုက်ရင်း ရံရံဆံပင်တွေကို လာဖွတဲ့ ကိုကို့လက်ချောင်းလေးတွေငေးကြည့်လိုက်မိတယ် ကိုကိုရဲ့ လက်ချောင်းလေးတွေက သွယ်သွယ်ရှည်ရှည်လေးတွေနဲ့ တကယ်လှတာ လက်ခလယ်မှာ ဝတ်ထားတဲ့ ရံရံနဲ့ဆင်တူ စိန်သေးသေးလေးပါတဲ့ စေ့စပ်လက်စွပ်လေးကလည်း ကိုကိုလက်နဲ့အရမ်းကို လိုက်ဖက်လွန်းတယ်
ရံရံအတွက် ကိုကိုက အရမ်းကိုပြီးပြည့်စုံလွန်းတဲ့ လူသားတယောက်ပဲလေ"ရံရံ ဒါလေးယူမလား"
အဖြူရောင်ကြောင်ရုပ်လေးနဲ့ အလှဆင်ထားတဲ့ စားပွဲတင် မီးအိမ်လေး ကိုပြရင်း ကိုကိုက မေးတာကြောင့် ရံရံခေါင်းအမြန်ညိမ့်လိုက်မိတယ် အရုပ်ကလေးက အရမ်းလှတာ
"ကိုကို ဒါလေးကလေ ပိုးပိုး နဲ့တူတယ်နော်"
Daddyနဲ့ ဖေတို့မွေးထားတဲ့ ကိုကိုးနဲ့ လွန်းလွန်းကမွေးထားတဲ့ ပိုးပိုးဆိုတဲ့ ကြောင်မလေးကို သတိတရ ပြောနေတာကြောင့် မာန်ခေါင်းညိမ့်ပြလိုက်မိတယ်
YOU ARE READING
Twisted Love(Season 2 Of Mysterious Fate)
Romanceအတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ အတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ