အခန်း(13)

4.1K 355 48
                                    

Moon ​ကျောင်း​ရောက်​​တော့ ထုံးစံအတိုင်း ဆိုင်​ကယ်​ကို standမှာရပ်​လိုက်​တုန်း ​ဘေးက​နေ စံပါယ်​ပန်းအနံ​လေး ရလိုက်​တာ​ကြောင့်​ ​ဘေးကို အမြန်​လှည့်​ကြည့်​လိုက်​မိတယ်​ အဖြူ​ရောင်​အင်္ကျီ နက်​ပြာ​ရောင်​ ပုဆိုးနဲ့ ဖြူဝင်း​နေတဲ့ မျက်​နှာ​လေးက moonရဲ့ရင်​ကို တဒိန်းဒိန်း ခုန်​သွား​စေတယ်

"ဟာ မာန်​​လေး"

Moonအသံ​ကြောင့်​ လှည့်​ကြည့်​လာတဲ့ မျက်​ဝန်း​လေးက အံ့အားတသင့်​နဲ့ပဲ

"Moon"

"မာန်​​လေးက ဘယ်​လိုဖြစ်​လို့"

"ကျွန်​​တော်​က ​ကျောင်း​ပြောင်းလာတာ moonက ဒီမှာတက်​တာလား"

"အင်း ကိုယ်​က EP majorက 3BE​လေ မာန်​​လေးက​ရော"

"ကျွန်​​တော်​က 3BEပဲ IT majorက"

"ဟုတ်​လား ကိုယ်​တို့​တွေ ​ရေစက်​ပါတယ်​ထင်​တယ်​"

"မဟာ ​နေအရမ်းပူ​နေပြီ ​နေအရိပ်​ထဲဝင်​ပြီး စကား​ပြောပါလား"

ဆိုင်​ကယ်​ standက အမိုးရှိ​နေပင်​မယ့်​ သိပ်​မလုံတာ​ကြောင့်​ မာန်​အသား​တွေ ရဲတွတ်​လာတာ​တွေ့လိုက်​ရတာ​ကြောင့်​ moon စိတ်​ပူသွားမိတယ်​ ရှမ်းပြည်​သား​လေးက ​နေပူဒဏ်​မခံနိုင်​ဘူးထင်​တယ်

"မာန်​​လေး အသား​တွေရဲတွတ်​​နေပြီ လာ ​နောက်​ခါ အင်္ကျီလက်​ရှည်​ ဝတ်​မှဖြစ်​မယ်​ထင်​တယ်​ ဒီမှာ ကမနက်​ပိုင်းကသိပ်​မသိသာပင်​မယ့်​ ​နေထွက်​တာနဲ့ ပူတယ်​ လာလာ building ထဲဝင်​ရ​အောင်​"

Moonက မာန်​လက်​ကို အတင်းဆွဲ​ခေါ်​နေတာ​ကြောင့်​ မာန်​ မငြင်း​တော့ပဲ moonဆွဲ​ခေါ်တဲ့​နောက်​လိုက်​လာ​တော့တယ်

"မာန်​​လေး ​ကျောင်း​ပြောင်းဖို့လုပ်​မှာမလား ဒီbuilding မှာ လုပ်​ရမှာ စာရွက်​စာတမ်း​တွေ ကိုယ့်​ကို​ပေး ကိုယ်​လုပ်​​ပေးမယ်​"

"ရပါတယ်​ ကျွန်​​တော့်​ဘာသာ လုပ်​ပါမယ်​ moon သွားစရာရှိတာ သွားပါ"

"မာန်​​လေးတစ်​​ယောက်​တည်းဆို အခန်း​တွေရှာ​နေရတာနဲ့ ကြာ​နေလိမ့်​မယ်​ ကိုယ်​ကူညီ​ပေးပါမယ်​"

Twisted Love(Season 2 Of Mysterious Fate)Where stories live. Discover now