အခန်း(20)

4K 318 22
                                    

မာန်​တို့ ပထမအချိန်​တက်​ပြီး ​နောက်​တချိန်​က minor ဘာသာဖြစ်​တဲ့ သင်္ချာအချိန်​မလို့ အတန်း​ပြောင်းဖို့ စာပုပ်​​တွေ ​ကျောပိုးအိတ်​ထဲ ထည့်​​နေတုန်း ထုံစံအတိုင်း မာန်​ကိုလာ​ခေါ်တဲ့ moonကို အတန်း​ရှေ့မှာ ​တွေ့လိုက်​ရတယ်

Moon သူ့ကို ပါးချိုင့်​​ရေး​ရေး​လေး​ပေါ်​အောင်​ အခန်းထဲက လှမ်းပြုံးပြ​နေတဲ့ မာန်​​ကြောင့်​ မာန်​ဆီကို ​ပြေးလာလို့ ​မော​နေတဲ့ အ​မော​တောင်​ ​ပြေသွားတယ်

"​moon"

"အင်း ​မောင်​"

"မဟာ မဟာ ခန​နေပါအုံး"

Moonနဲ့ မာန်​တို့်​ ​နောက်​အတန်းကိုသွားဖို့လုပ်​လိုက်​တဲ့ အချိန်​ မာန်​နာမည်​​ခေါ်သံကြားလို့လှည့်​ကြည့်​လိုက်​​တော့ IT majorရဲ့ queen သွန်း​ဟေသာကို ​တွေ့လိုက်​ရတယ်​ The whole queenဖြစ်​တာနဲ့အညီ သွန်း​ဟေသာ မဟာဆန်​ဆန်​​လေးနဲ့ အရမ်းကို ကျက်​သ​ရေရှိစွာ လှပလွန်းတယ်​ ဆံပင်​​တွေက တ​ကောက်​​ကွေးနားထိ ​ရောက်​​နေပြီး ပါးမှာလည်း ပါးကွက်​​လေးနဲ့ ရိုးရိုးယဉ်​ယဉ်​​လေး

"အင်း ​ဟေသာ ​ပြော​လေ"

"မဟာ ခုနက lecture​လေး​ဟေသာကို ပြန်​ရှင်းပြလို့ရမလား ​ဟေသာ သိပ်​နားမလည်​လို့"

"​အော်​ရတယ်​​လေ ​နေ့ခင်း ​ဟေသာထမင်းစားပြီးရင်​ ကျွန်​​တော်​ ပြန်​ရှင်းပြမယ်​​လေ"

"​ကျေးဇူးပဲ​နော်​ မဟာ"

"ရပါတယ်​ ​ဟေသာလည်း math အချိန်​တက်​မှာမလား တခါတည်းလိုက်​ခဲ့လိုက်​​လေ"

"အဲဒါဆို ​ဟေသာလိုက်​ခဲ့လိုက်​မယ်​​နော်​"

ဟေသာ ဆိုတဲ့မိန်းက​လေးနဲ့ ​တော်​​တော်​ရင်းနှီးပုံ​ပေါ်တဲ့ မဟာ​ကြောင့်​ moonမှာ ခုနက ကြည်​နူးစိတ်​​လေး​တောင်​ ​ပျောက့သွားမိတယ်​ ခုလည်းကြည့်​​လေ ​ဟေသာနဲ့ စကား​ပြောရင်း moonကို တစက်​​လေးမှ လှည့်​မကြည့်​ပဲ အ​ပေါ်ထပ်​​လှေကားကို တက်​သွားပြီ​လေ တခါတ​လေ ​တော့လဲ တဖက်​သက်​ချစ်​​ပေးပြီး တဖက်​သက်​ ဂရုစိုက်​​ပေးရတာ ​တော်​​တော်​ဝမ်းနည်းစရာ ​ကောင်းတာပါပဲ

Twisted Love(Season 2 Of Mysterious Fate)Hikayelerin yaşadığı yer. Şimdi keşfedin