မျက်လုံးတွေကပါ အသက်ဝင်စွာပြုံးပြီး ကြည့်နေတဲ့ ရှေ့ကလူကြောင့် မာန် ငေးကြည့်လိုက်မိတယ် သူ့ရဲ့အပြုံးတွေက မာန်အတွက် ရင်းနှီးနေသလိုပဲ ပြီးတော့ ဝမ်းနည်းသလို ခံစားနေရတယ်
"ကိုယ်လက်ညောင်းနေပြီ မာန်လေး"
မာန် အသံကြောင့် ရှေ့ကလူရဲ့လက်ကို ဆွဲလိုက်တော့ ဆုပ်ကိုင်လိုက်မိတဲ့ လက်ဖဝါးကနွေးထွေးမှုကိုပါ ခံစားလိုက်ရတယ်
"ဦးစဝ်မင်းမာန်ခ ဒါကျွန်တော်ရဲ့ တဦးတည်းသော သား လရောင်တေးသွား လေ"
"အန်ကယ် တို့နှစ်ယောက်လုံးမင်္ဂလာပါ"
"မဂ်င်္လာပါ သား ဦးမင်းရံရဲ့ သားက လူချောပဲ"
"ချီးကျူးမှုအတွက်ကျေးဇူးပါ အန်ကယ်လေး"
ဖေတို့ စကားကိုပြန်တုန့်ပြန်ပြီးပြောနေပင်မယ့် ခုချိန်ထိ မာန်ရဲ့ လက်ကို ဆုပ်ကိုင်ထားတာကို မလွှတ်ပေးတာကြောင့် မာန်ရုန်းလိုက်မိတယ်
"Sorry မာန်လေးရဲ့လက်က ကိုင်လို့ကောင်းလို့ ကိုယ်သတိလက်လွှတ်ဖြစ်သွားတာ"
စကားတွေက အနှောင့်အသွားမလွတ်ပဲ မာန်တယောက်တည်းကို စူးစူးစိုက်စိုက်ကြည့်နေတာကြောင့် မာန် ဘေးနားက ရံရံကိုဖက်လိုက်မိတယ် daddyနဲ့ ဖေကလဲ မာန်တို့နှစ်ယောက်ကို အကဲခတ်သလိုကြည့်နေတယ်လေ
"Daddy ရံရံဗိုက်ဆာနေမှာစိုးလို့ တခုခုစားဖို့ လိုက်ကြည့်ပေးလိုက်အုံးမယ် အန်ကယ်မင်းရံ ခွင့်ပြုပါအုံး"
"ကောင်းပြီ သား လွတ်လွတ်လပ်လပ်နေနော်"
"ကိုယ် လိုက်ခဲ့မယ်လေ"
"ရပါတယ် ကိုလရောင်တေးသွား"
"Moon Moonလို့ခေါ်မာန်လေး"
Moonလို့ခေါ် မာန်လေး ဆိုတဲ့ အသံလေးမှာ ဒိတ်ခနဲဖစ်သွားတဲ့ ရင်ခုန်သံကြောင့် မာန် ကိုလရောင်တေးသွားကို ဖြတ်ခနဲငေးကြည့်လိုက်မိတယ်
ESTÁS LEYENDO
Twisted Love(Season 2 Of Mysterious Fate)
Romanceအတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ အတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ