"ကိုကို နွယ်လေးကို shopping လိုက်ပို့"
မာန် သောကြာနေ့ကတည်းက ရန်ကုန်ပြန်ရောက်နေတာ ခုလည်း ခြံထဲမှာ လမ်းဆင်းလျှောက်နေတုန်းကို နွယ်လေးက မာန်လက်မောင်းကို ဆုပ်ပြီး လာပြောနေတာကြောင့် မာန်ပြုံးရင်း ခေါင်းညိမ့်ပြလိုက်တယ်
"လိုက်ပို့မယ်လေ တိမ်ယံနွယ်က ဘယ်ရောက်နေလို့လဲ"
"ကိုကိုနဲ့သွားချင်တာလေ နွယ်လေးက ပြီးတော့ ရံရံကိုပါ ဝင်ခေါ်ရမယ်"
"ဟုတ်ပါပြီ လိုက်ပို့ပါမယ် ရံလေးကိုလည်းဝင်ခေါ်မယ်နော်"
"ကိုကို"
ရံလေးက စာလုပ်တာ အာရုံစိုက်အောင်ဆိုပြီး ကျောင်းကသွင်းတဲ့camp တစ်လ ဝင်နေတာကြောင့် မာန်နဲ့တောင် ခုချိန်ထိမတွေ့ရသေးဘူးလေ
နွယ်လေး ပြင်ဆင်ပြီးတာနဲ့ မာန်တို့နှစ်ယောက် ရံရံရဲ့ကျောင်းကို သွားလိုက်တော့ ကျောင်းရှေ့က မြက်ခင်းပြင်ပေါ်မှာ စာထိုင်ကြည့်နေတဲ့ ရံရံကို တွေ့လိုက်ရတယ်
"ရံရံ"
"ကိုကို မမ"
မာန်ဆီပြေးလာပြီး မာန်ကို ပြေးဖက်တဲ့ ရံရံက မာန်ကို အရမ်းသတိရနေပုံပဲ
"ကိုကို့ကို လွမ်းနေတာ"
"ကိုကို ကလည်း ရံရံလေးကိုသတိရပါတယ် ခု ကိုကိုနဲ့ အပြင်လိုက်ခဲ့လို့ရတယ်မလား ကိုကိုက ရံလေးကို မွေးနေ့လက်ဆောင်ပေးချင်လို့"
"တီချယ်ကို ကိုကိုသွားပြောပေးပါလား"
"ဟုတ်ပြီ ကိုကို ပြောပေးမယ်နော် ရံရံက အဝတ်အစားသွားလဲလိုက်"
"ဟုတ် ကိုကို"
"နွယ်လေးတော့ third wheelဖြစ်တော့မယ်ထင်တယ်နော်"
"အဲဒါဆိုလဲ တိမ်ယံကို လှမ်းခေါ်လိုက်လေ"
"အဲလိုလုပ်မှထင်တယ်နော်"
ရံရံ ကိုခေါ်ပြီး ရံရံကျောင်းနဲ့နီးတဲ့ Royal center ကိုသာ ခေါ်လာလိုက်တော့တယ်
YOU ARE READING
Twisted Love(Season 2 Of Mysterious Fate)
Romanceအတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ အတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ