"ကားကို ကြည့်မောင်းပါ မောင်ရဲ့ ကိုယ်မင်္ဂလာဆောင်ချင်သေးတယ်နော်"
မောင်က moonအပြောကြောင့် ပါးချိုင့်ပေါ်အောင်ရီရင်း moonလက်တစ်ဖက်ကို ဆုပ်ကိုင်ရင်း ကားဆက်မောင်းနေတော့တယ်
"ဒါနဲ့ ရံရံ သတင်းရော ဘာကြားသေးလဲ"
မောင်က မျက်နှာတစ်ချက်ပျက်သွားပြီး
"မသိဘူး မောင်တို့နှစ်ယောက် မင်္ဂလာဆောင်ဖို့သွားတဲ့ လမ်းမှာ အဲလူအကြောင်းမမေးနဲ့ moon မောင်မကြိုက်ဘူး တကယ်ဆို သူကမျိုးနွယ်စုကို သစ္စာဖောက်တဲ့ အိမ်တော်ကပဲ"
"ဟုတ်ပါပြီ မမေးတော့ဘူးနော် မျက်မှောင်ကြုတ်မထားနဲ့ ရုပ်ဆိုးလိမိ့မယ်"
ဒီနေ့က moonနဲ့ မောင်တို့မင်္ဂလာပွဲအတွက် မောင်တို့မျိုးနွယ်ရဲ့ ဟော်နန်းရှိတဲ့ ရှမ်းပြည်ကိုသွားနေတာလေ မောင်တို့မျိုးနွယ် ဟော်နန်းခန်းမမှာ လုပ်ရမယ့် ဓလေ့ထုံးစံတွေကို မောင်က ပြောပြချင်လို့ဆိုပြီး မောင်နဲ့ moon2ယောက်တည်းကားသီးသန့်နဲ့ ထွက်လာကြတာ မောင့်မိဘတွေနဲ့ moonမိဘတွေကတော့ private flightနဲ့ သွားကြတယ်
ရန်ကုန်မှာလက်ထပ်ပွဲကို လကုန်မှာကျင်းပပြီးတော့ ဟော်နန်းမှာအရင် ထိမ်းမြားမင်္ဂလာပွဲလုပ်မှာလေ တကယ်ဆို ဒီလောက်စောစော ဟော်နန်းမှာ လက်ထပ်ပွဲအစီအစဉ်မရှိသေးပင်မယ့် moonနဲ့ မောင် အတူတူနေတဲ့ ကိစ္စကို မောင့်daddyတို့ကသိပြီး ခုလို စောစီစဉ်လိုက်တာလေ
"ကိုယ်တစ်လှည့်မောင်းမယ် မောင် မောင်က ရှမ်းပြည်အတက်ကြမှ ပြန်မောင်း"
"Ok"
"ရှေ့မှာ ခနရပ်ပြီး အောက်ခနဆင်းပြီး လဲမယ်လေ"
ရှေ့က အရိပ်ရတဲ့ သစ်ပင်အောက်ရပ်လိုက်ပြီးတာနဲ့ ကားပေါ်က ဆင်းလိုက်တော့တယ်
"မောင် ဘာလုပ်တာလဲ"
မောင်က moonကို ရုတ်တရက်ဆွဲလိုက်ပြီး ကားနဲ့ မောင်ကြားထဲထားလိုက်ရင်း စနမ်းလာတော့တယ်
YOU ARE READING
Twisted Love(Season 2 Of Mysterious Fate)
Romanceအတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ အတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ