ဒေါက် ဒေါက်
"မောင် မောင်လွှတ်အုံး တံခါးခေါက်နေပြီ"
Moonမှာ သူ့ကိုအတင်းနမ်းပြီးအတင်း ဖက်ထားတဲ့ မောင့်ကို ရုန်းနေတာကြောင့် မောင်က moonကို တချက်ကြည့်လိုက်ပြီး ဘေးက interconကို တချက်နှိပ်လိုက်ကာ
"ဘယ်သူလဲ"
"ကိုကို နွယ်လေးပါ ဖေက ထမင်းစားရအောင်တဲ့"
"အိုကေ ကိုကို လာခဲ့မယ်နော် နွယ်လေး"
မာန်ရဲ့အခန်းက အသံလုံခန်း မလို့ အင်တာကွန်မဖွင့်ရင် အထဲကအသံကို အပြင်ကလူကဘယ်လိုမှမကြားနိုင်ဘူးလေ
"သွားရအောင် ထ moonလေး"
Moonက မာန်ကို တချက်ကြည့်ပြီး သူ့အင်္ကျီတွေကို အတင်းဆွဲချရင်း
"မောင် မင်းတော်တော်ဆိုးလာတယ် ခုအင်္ကျီတွေလည်း ကြေကုန်ပြီ"
"အဲဒါတော့ မောင်ရဲ့ moonလေးကဆွဲဆောင်မှု တွေပြည့်နေတာကို မောင်က နမ်းချင်တာပေါ့"
"မောင် မင်းကလေ မထင်ရဘူး အစကတော့ ရုပ်တည်ကြီးနဲ့ အဲလိုမျိုးမထင်ရဘူး ရံရံ ဆို"
"အဲကောင်အကြောင်းမပြောနဲ့"
"မောင် ရံရံမှာ အပြစ်မရှိဘူး မောင် ကိုယ် ဒီကိစ္စတွေမှာ သနားစရာအကောင်းဆုံးက သူပဲလို့ ကိုယ်ထင်တယ်"
"မောင်တော့မထင်ဘူး သူ့ကြောင့် မောင်တို့ဝေးခဲ့ရတာ မောင်တို့သေကွဲ ကွဲခဲ့ရတာ သူ့ကြောင့်သာ မောင်ရဲ့ moonလေးသေ လောက်အောင် နာကျင်ခံစားခဲ့ရတာ"
"မဟုတ်ဘူး မောင် တကယ်ဆို ရံလေးက အရာအားလုံးရဲ့ အသုံးချခံဖြစ်ခဲ့ရတာလေ"
"တော်တော့ moon မောင်တို့အောက်ဆင်းရအောင်"
Moonအညိုးကြီးတဲ့ မောင့်ကို ဘာမှမပြောတော့ပဲ မောင့်လက်ကိုသာ ဆုပ်ကို်င်ထားလိုက်တော့တယ်
မာန် သိတယ် ရံရံက အသုံးချခံဖြစ်သွားတယ်ဆိုတာ ဒါပင်မယ့် moonလေးရဲ့ နောက်ဆုံးထွက်သက်ကို မြင်ခဲ့ရတဲ့ မာန်က အဲလိုအကြောင်းအရာတွေ ဖြစ်စေတဲ့ လူတွေကို ဘယ်လိုမှခွင့်မလွှတ်ပေးနိုင်ဘူးလေ
YOU ARE READING
Twisted Love(Season 2 Of Mysterious Fate)
Romanceအတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ အတိတ် တွေ အနာဂါတ်တွေတော့ ကိုယ်မသိဘူး လက်ရှိဘဝမှာတော့ မင်းကို အချစ်ဆုံးပဲ