Unicode~
မြင်းနီကြီးက ကတ်လွန်းသည်။ ဇက်ကြိုးကို ဆွဲရလွန်းလို့ လက်တွေက သွေးခြေဥချင်ချင်။
ဒီမြင်းကို ဒေါသတွေထွက်လာသည်။
သွေးတစက်စက်ကျနေတဲ့ ဓါးမြှောင်တိုလေးက လမ်းခုလတ် တစ်နေရာရာမှာ ကျခဲ့လောက်ပြီ။နေရောင်စူးရဲရဲက မညှာမတာ ခေါင်းပေါ်ကျနေသည်။
ခုချိန် နေရောင်ခြည်ကို မော့ကြည့်မိလျှင် မူးမေ့လဲလောက်သည်။
Taehyung တချို့နေ့တွေဆို နေရောင်ခြည်အလင်းကို ကြိုက်သည်...အထူးသဖြင့် မြင်စရာ သွေးရဲရဲတွေ ရှိတဲ့အခါ။
လောလောဆယ် အမြင်အာရုံထဲ သွေးရောင်မရှိ... သို့အတွက် နေရောင်ခြည်ကို သူမုန်းသည်။"ဟေ့...ဒီမှာ...အား! ဟ ဘယ်လိုကောင်လေးလဲ"
မြင်းနီကြီးကို ဒုန်းစိုင်းစီးလာရင်း တစ်ယောက်ယောက်က အရှေ့ကနေဆီး၍တားနေသည်ကို တွေ့သည်။
ဇက်ကြိုးဆွဲပေမယ့် မြင်းက ဂျစ်တစ်တစ်။
အရှိန်ထိန်းမရတဲ့အဆုံး မြင်းနီမကြီး ပြေးအားခွာအားကြောင့် ထိုလူက လဲသွားသည်။အရှိန်နှေးသွားသော အခါမှ ထိုလူကို လှမ်းကြည့်မိသည်။
ဖုန်အလိမ်းလိမ်းပေသွားသော အဖြူညစ်ညစ်ရှပ်အင်္ကျီကို သုတ်လိုက်ခါလိုက်လုပ်နေသူ။
သူ့မျက်နှာကို မမြင်လိုက်ရ.. သူနဲ့ အကြည့်ချင်ဆုံတာနဲ့ ကိုယ့်ဘက်ကစ အကြည့်လွဲမိတာ။ထို့နောက် ကျွန်တော့်ခေါင်းထဲ သူဆိုတာ မကျန်ခဲ့တော့။
"ဒီကောင်ကို အစာကျွေးထားလိုက်"
မြင်းထိန်းကပ္ပလီကောင်လေးက ကြောင်တောင်တောင် ကြည့်နေသည်။
သူ့စိတ်ထဲ ဒီမြင်းကို မြင်းဇောင်းထဲ တစ်ခါမှမတွေ့ဖူးခဲ့ရုံသာမက သခင်လေးကိုယ်တိုင် မြင်းစီးလာတယ်ဆိုတာကပါ အထူးတဆန်းကြီး ဖြစ်နေသည်။"ဒါ ငါ့မြင်း..."
မြင်းထိန်းလေးက ကြောက်နေသည်။ သို့သည့်တိုင် သခင်လေးကို အထွန့်မတက်ရဲ။ သခင်လေးက ခန့်မှန်းရခက်သလို နားလည်ရလည်းခက်သည်။
ထို့အပြင် ဒီမြင်းနီကြီးရဲ့ ဘဝကိုလည်း ထပ်မတွေးရဲ။
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...