Unicode~
နာတာလူးရာသီ အေးအေးချမ်းချမ်းကာလမှာ နှင်းဆီနဲ့ ကိုယ် နှစ်ဦးသဘောတူတွဲခဲ့ကြသည်။
ရိုးရိုးရှင်းရှင်းနဲ့ အိပ်မက်ဆန်တဲ့ ဆက်ဆံရေးအစက ဆောင်းရာသီရဲ့ မိုးသည်းညထဲမှာမို့ ထိုအကြောင်းကို ပြောဖြစ်ရင် ကိုယ်တို့နှစ်ယောက်လုံး ပြုံးမိကြသည်။ချာတိတ်မှာ အပြုံးလှလှလေးတွေ ရှိသည်။ သူဒါကို အကြာကြီး ဖုံးကွယ်ထားရတာ သိပ်ပင်ပန်းခဲ့မှာပဲ။
နာတာလူးပွဲတော်ပြီး နောက်၅ရက် ချာတိတ်မွေးနေ့မှာလည်း အတူတူရှိခဲ့ကြသည်။
နှစ်တစ်နှစ်ရဲ့ အဆုံးသတ်မှာ မွေးဖွားသူလေး Kim Taehyung.
ထိုနေ့က ညနေခင်းလေညှင်းခံဖို့ ဘာဂီအတူတူစီးခဲ့ကြသေးသည်။စိမ်းပြာရောင်မျက်လုံးတွေရယ်၊ ရွှေရောင်ဆံပင်တွေရယ် ပိုင်ဆိုင်ထားသူ။
အတ္တလန်တာရဲ့ အချစ်တော် နှင်းဆီမြိုင်သခင်လေးရယ်။"မင်္ဂလာနံနက်ခင်းပါ ကိုယ့်နှင်းဆီလေး"
"အင်း ခင်ဗျားရော"
ကြက်သွေးရောင်မွေ့ရာထဲ မြှုပ်နေသူလေး။ အိပ်ရာထပြီး အညောင်းအညာတွေဆန့်နေသည်။
ချာတိတ်စိတ်အခြေအနေက အများကြီး တိုးတက်လာသည်။ချာတိတ်ကို မသိစေချင်တာထက် စိတ်မထိခိုက်စေချင်တာကြောင့် ဆေးကို ဒီတိုင်းသမားရိုးကျ တိုက်လိုက်လို့မဖြစ်။ ချာတိတ်သောက်မယ့် စွတ်ပြုတ်၊ ကော်ဖီတွေထဲ မသိမသာ အမှုန့်ကြိတ်တိုက်ရသည်။
ဆေးကြောင့်လား ဘာကြောင့်လဲတော့ မပြောတတ်ပေမယ့် ချာတိတ်အခြေအနေက တိုးတက်လာတာကို ပီတိဖြစ်ရသည်။
"ခင်ဗျား ဘာလို့ ကျုပ်အခန်းထဲ နေ့တိုင်းရောက်နေတာလဲ"
"ကိုယ်က ချာတိတ်ရဲ့ ချစ်သူမို့ပေါ့"
အိပ်ရာနိုးနိုးချင်း မျက်နှာတစ်ခုလုံးပူပြင်းနေတာဟာ ဆောင်းရာသီရဲ့ မနက်နေရောင်ခြည်ကြောင့် ဖြစ်ပါလိမ့်မည်။
"ကျုပ် ဒီနေ့ ခင်ဗျားနဲ့ လိုက်ခဲ့မှာနော်"
"ဘာလို့လဲ ချာတိတ်ရဲ့ ကိုယ်စောစော ပြန်လာမှာပါ"
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...