Unicode~
ဂျော်ဂျီယာရဲ့ ပူစပ်စပ်နွေရာသီသို့ နေ့ချင်းညချင်း ရောက်လာသည်။
ပူရအိုက်ရသည့်ကြားက ချည်ထည်အေးအေးလူလူဆိုတာ မှန်ဘီလူးနဲ့ ရှာရမတတ်ကို ရှားပြီးရင်းရှားသည်။ထိုနွေကာလမှာ နှင်းဆီမြိုင်ကစာတွေ တဒီးဒီးရောက်သည်။
ဦးလေး Aidenဟာ သူမည်မျှနေထိုင်၍မကောင်းကြောင်း၊ မြင်းကို ခြံစည်းရိုးကျော်အောင်မစီးနိုင်တော့ကြောင်း၊ သူ့အမျိုးသမီးက နှလုံးဖောက်ကြောင်း၊ ကပ္ပလီကျွန်တွေ ကလန်ကဆန်လုပ်တာကြောင့် ဝါထွက်နှုန်းကျသွားကြောင်း အစရှိသဖြင့်။"ဟား ဟား ဟား!"
ထိုစာကို ဖတ်ပြီး Taehyung ဟက်ဟက်ပက်ပက် ရယ်မောမိသည်။
သက်ကြီးရောဂါနဲ့ သေခါနီး နှင်းဆီမြိုင်ကို ရစရာမရှိအောင်လုပ်နေတာ ကိုယ်ကမသိဘူးဆိုတော့လေ။"ဘာရယ်တာလဲ ကိုကိုလေး၊ ဖေဖေတို့နေမကောင်းဘူးလို့ ပြောထားတာ ဘာရယ်စရာပါလဲ"
"မင်းအလှည့်ကျ သိပ်သိတတ်နေတာပဲနော်။ မင်းအဖေက နှင်းဆီမြိုင်အခွံပဲကျန်တော့မှ ငါ့လက်ထဲထိုးပေးနေတာ ငါမသိဘူးထင်နေလား"
"ဘာပဲဖြစ်ဖြစ် ငါတို့နှင်းဆီမြိုင်ပြန်ရမယ်။ ငါ့မိဘတွေကို အောက်တန်းစားကပ္ပလီတွေကြား မထားနိုင်ဘူး"
တံမြက်စည်းလှည်းနေတဲ့ အဒေါ်ကြီးမျက်နှာက မှိုင်းကျသွားသည်။
လှုပ်ရှားမှုလည်း ရပ်တန့်သွားသည်။
မာနကြီးလှပါတယ်ဆိုတဲ့ Taehyung ပါ အားနာသွားသည်။"ပြန်လို့ရရင် မင်းဘာသာပြန်! ငါ့ယောကျ်ားအလုပ်တွေမပြတ်သရွေ့ ငါတော့ အတ္တလန်တာက ရွှေ့မှာမဟုတ်ဘူး"
တကယ်တမ်း Joannaမှာအပြောပဲရှိပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့။
မျက်တွင်းဟောက်ပက်နဲ့ ရှိရင်းစွဲအသက်ထက် နှစ် ၃၀ လောက် အိုစာနေသည်ဟုပင် ထင်ရသည်။"ကိုကိုလေး မင်းအတော် တစ်ကိုယ်ကောင်းဆန်ပါလား။ မပြောကောင်း မဆိုကောင်း အခုအတောအတွင်း ဖေဖေတို့များ တစ်ခုခုဆို..."
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...