Unicode~
'Suzan Clark'
မျက်လုံးပြာတွေနဲ့ Suzanက ဒီနယ်တစ်ဝိုက်မှာ ကွမ်းတောင်ကိုင် အလှတစ်ပါး။
၁၆နှစ်အရွယ် လှသွေးကြွယ်တာမို့ ပိုးကြပန်းကြသူတွေမနည်းရှိသည်။
စစ်တက္ကသိုလ်က ဗိုလ်လောင်းလေးတွေကဆို နယူးယော့ခ်ကလာတဲ့ ပိုးထည်တွေ၊ ချည်မျှင်တွေကို တကူးတက၀ယ်လာပြီး ပိုးကြေးပန်းကြေးပေးကြသည်အထိ။နီလာရောင်မျက်ဝန်းတွေရယ်၊ ဖြူသွယ်သွယ်ကိုယ်လုံးလေးရယ်၊ အနီရောင်ဆံသားတွေရယ် ပိုင်ဆိုင်တဲ့ Suzan.
လွှာဖိနပ်လေး တကြွကြွနဲ့ အကသိပ်ကောင်းသူ...ကြိုးကြာမလေးလို ကနိုင်သူ။
Clarkမျိုးရိုးရဲ့ အလှဂုဏ်ဆောင်လေးရယ်ပေါ့။လောလောဆယ် Suzan အိပ်ရာမှာ လဲနေသည်။ ဝမ်းဗိုက်အလယ်က ဒဏ်ရာက တဆစ်ဆစ်နာသည်။
ထိုလူကို သူတစ်ခါမှမတွေ့ဖူး၊ မမြင်ဖူး။ သို့သည်တိုင် ထိုထူဟာ အဆင့်အတန်းမြင့်တဲ့လူဖြူမျိုးထဲက ဖြစ်ကြောင်း သိနေသည်။
ဒါဟာ ထိုလူရဲ့ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုဆက်ဆံပုံတို့ကို ကြည့်ပြီး ကောက်ချက်ချခြင်းမဟုတ်။
ပကတိအမြင်ဖြင့် သိမိခြင်းသာဖြစ်သည်။ဒါပေမယ့် ဘာမဟုတ်တဲ့ ဖဲသားဂါဝန်ပေါ်မှာ ဆီးအရက်ချိုလောင်းချမိတဲ့ ကိစ္စအတွက် အငြင်းအခုံဖြစ်ရုံဖြင့်တော့ သူ့ကို ဒီလိုမလုပ်သင့်ပါ။
'ဒေါက် ဒေါက်!'
"ကိုယ်ဝင်လာလို့ ရမလား Suzan"
ဒေါက်တာJeon အသံကို ကြားတာနှင့် အိပ်ရာပေါ် ခွေခေါက်နေရာက အတင်းထပြီး ကြည့်ပျော်ရှိပျော်ရှိအောင် ပြင်ဆင်လိုက်သည်။
ပွယောင်းနေတဲ့ သူ့ဆံပင်တွေက ယောကျ်ားသားတစ်ယောက် တွေ့မြင်ဖို့ရာ မသင့်တော်ချေ။ယုတ်စွအဆုံးပြောရရင်ဖြင့် မိန်းမပျိုအခန်းထဲ ယောကျ်ားသားဝင်ဖို့ရာတောင်မသင့်တော်။
ဒေါက်တာJeonက ဆရာဝန်တစ်ယောက်ဖြစ်နေသည်က ခြွင်းချက်။"ရပါတယ် ဒေါက်တာ"
"ဒဏ်ရာက ဘယ်လိုနေသေးလဲ Suzan"
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...