Unicode~
"ချာတိတ် ကိုယ်ပြောတာက..."
"ထွက်သွား!"
ထိုတစ်ရက်လုံး ချာတိတ်ကို တွေ့ခွင့်မရခဲ့။
ချာတိတ် သူ့အခန်းထဲ ပြန်သွားပြီး သိပ်မကြာ...Joanna တို့ သားအမိတစ်တွေ ရောက်လာသည်။ Joannaက Suzan ထက်ငယ်သည်... သို့သော် ရွယ်တူလိုသာ ပေါင်းသင်းကြသည်။
"ဟေး...Suzan မင်းဒဏ်ရာရတာဆို..သက်သာသွားပြီလား"
"သက်သာသွားပေါ့ .. အခုတောင် ကိုယ်မင်းကို တွေ့ဖို့ ဒေါက်တာ Jeon နဲ့လိုက်လာတာ"
"ဪ..."
Joanna က Jeonကို တစ်ချက်လှည့်ကြည့်သည်။ ဟိုနေ့က သူနဲ့ ဆင်ဝင်မှာ တိုက်မိတဲ့လူ။
ကိုကိုလေးရဲ့ ဆရာဝန်... ဒီလူဟာ ကိုကိုလေးလို အရူးတစ်ယောက်ရဲ့ ဘေးမှာရှိဖို့မကောင်း။
ကိုကိုလေးဟာ တစ်ယောက်တည်းသာ ရှိနေသင့်သည်။
အထီးကျန်နေသင့်သည်။"အို Suzan.. မင်းဂါဝန်ဘယ်လိုဖြစ်တာလဲ။ ဟိုနေ့ကမှ အသစ်ချုပ်ထားတဲ့ အော်ဂန်ဒီဝတ်စုံကြီးမလား"
"ဘာဖြစ်ရမှာလဲ...နှင်းဆီမြိုင်သခင်လေးဆိုတဲ့လူကြောင့်ပေါ့ ငါ့ကိုယ်ပေါ် ရေနွေးပူလည်း လောင်းချတယ်။ လက်ကောက်ဝတ်ကိုလည်း ကိုင်ပြီး တွန်းချတယ်။ ကြည့်ပါဦး ကိုယ့်ရဲ့လက်လေး..."
Joanna ရှက်လှပြီ... သူ့အစ်ကိုရဲ့ လုပ်ပုံတွေကို ထပ်မကြားလိုတော့။ ဖေဖေတို့ကလည်း ဒီအရှုပ်ထုပ်အရူးကို ဘာကိစ္စအတ္တလန်တာကနေ တကူးတက ခေါ်ခဲ့ရတာတုန်း။
ဟုတ်တယ်...ဖေဖေအသိစိတ်လွတ်နေလို့ပဲ ဖြစ်ရမည်။ဒီအရူးကို ၈နှစ်လောက်အိမ်ပေါ်ခေါ်တင်ထားတာနဲ့တင် ရှက်ဖို့ကောင်းလှပြီ။
အိမ်အတွက် ဘယ်နေရာမှအသုံးမကျတဲ့ ကိုကိုလေးကို ကျွေးမွေးထားရတာကို သူ့အတွက် ဆုံးရှုံးမှုများလှသည်။Joanna ကိုကိုလေးကို ဘယ်တုန်းကမှ သဘောမကျခဲ့၊ မကြည်ဖြူခဲ့။
စတွေ့တည်းက မုန်းခဲ့သည်။
အခုလည်း ကိုကိုလေးကြောင့် အရှက်ရပြန်ပြီ။"Joanna...Suzanကို အဝတ်အစားလေး လဲဖို့ ငှားလိုက်ပါလား"
ယောကျ်ားပျိုတစ်ယောက်က မိန်းမပျိုလေးတွေရဲ့ အဝတ်အစားကိစ္စပြောနေသည်မို့ Joannaရော Suzanရော ရှက်သွေးဖြာသွားသည်။
မေမေတို့သာဆို ဒါလူကြီးလူကောင်းစကားမဟုတ်လို့ ရှက်သွေးဖြာမယ့်အစား ဒေါသသေးသေးလေးထွက်ပြပြီး ဟန်လုပ်သင့်တယ်လို့ သင်မည်ထင်ရသည်။
YOU ARE READING
𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀
FanfictionTo my one and only Rose of Georgia... A devastated story between a traumatized boy and a psychiatrist during the American Civil War. Something as deep as ocean was formed between them. Recommended song - That should be me by Justin Bieber ...