Part 10

3.1K 483 163
                                    

Unicode~

"ဟင် နှင်းဆီမြိုင်သခင်​လေးမလား"

"အို အ​လောတကြီး ဘယ်ထွက်သွားတာတုန်း"

"Taehyung​လေးက ဘယ်ကိုတုန်း"

တတွတ်တွတ်စကားသံ​တွေက နားထဲပိတ်​လှောင်​နေသည်။
အမြင်​ဝေဝါးဝါးနဲ့ ဘယ်ခရီး ဘယ်လမ်း လှမ်းမိတယ် မသိ​တော့။
တစ်ခါတ​လေ လူတချို့နဲ့ တိုက်မိတာရယ်၊ ​ကျောက်စရစ်ခဲ​တွေ ခလုတ်တိုက်မိတာရယ် ခံစားမိသည်။

သား​ရေရှူးဖိနပ်အပါး​လေးစီးခဲ့တာ​မို့ ​ပေါက်ပြဲကုန်သည်။ ​ခြေလှမ်း​တွေက ဘယ်ဆီဦးတည်​နေလဲ​တော့မသိ ​ခြေ​ချောင်းထိပ်​လေး​တွေမှာ ​သွေးတစို့စို့ ဖြစ်လာသည်။
ရင်ကိုသာ ခွဲပြလို့ရရင် နှလုံးသားက ​သွေးစိမ်းရှင်ရှင်ထွက်​နေတာကိုသာ မြင်ရလိမ့်မည်။

ဘာလို့ ကျုပ်မဖြစ်ခဲ့တာလဲ၊ ဘာလို့ကျုပ်မဖြစ်ရတာလဲ ခင်ဗျားရယ်။

ထိုဖြစ်စဥ်​တွေက ကိုယ့်အတွက် ​ခြောက်အိပ်မက်သဖွယ် ဖြစ်​နေသည်။
Jeon နဲ့ Suzan တွဲက​နေခဲ့တာသည်လည်း​ကောင်း၊ Joannaရဲ့ တိုက်စစ်ဆန်ဆန်စကားများကလည်း​ကောင်း ​ဆောင်းညတစ်ခုရဲ့ ​ခြောက်အိပ်မက်ထဲက ဝိုးတဝါး ဇာတ်ရုပ်ဇာတ်ကွက်ဆန်​နေသည်။

အသက်ကို​ဖြေး​ဖြေးချင်း ရှူသွင်းပေမယ့် ရင်ဘတ်က အလိုလိုတင်းကြပ်​နေတာမို့ အသက်ရှူမဝ​။

စိတ်အာရုံထဲ Suzan ပါး​ပေါ်က Jeonရဲ့ အနမ်း​တွေကို အ​နှေးပြကွက်လို မြင်​နေမိသည်။
နာကျင်ရမှန်း သိသိကြီးနဲ့ အာရုံထဲက ထုတ်ပစ်လို့မရ။

ကပွဲက အ​ဆောတလျင်ထွက်လာပြီး မက်မုံပင်လမ်းတ​လျှောက် ​ပေါက်ပြဲ​နေ​သော ဖိနပ်ကိုစီး၍​လျှောက်ရချိန်က ကမ္ဘာတစ်သိန်း​လောက်ကြာသည်။

​ခြေချင်းဝတ်က ကိုက်ခဲလှပြီ၊ ​ဆောင်းနှင်းတဖွဲဖွဲ​ကြောင့် ချမ်း​အေးရတဲ့ကြား ​သွေးတစို့စို့စိမ့်ထွက်​နေ​သော ​ခြေ​ချောင်းက ဒဏ်ရာ​တွေက ထုံကျင်​နေသည်။

ပထမဆုံးအ​နေနဲ့ အ​အေးဒဏ်ကို ​ကြောက်တတ်လာသည်၊ နှင်း​စက်​တွေကို မုန်းတတ်လာသည်။
နာတာလူးပွဲ​တော်ကိုပါ နင့်သည်းစွာ နာကျည်းမိသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now