"သေချင်နေတာလား..ဟမ်...ငါ့ဖို့အရက်ဝယ်မလာဘူးပေါ့ဟုတ်လား..ဘာအချိုးချိုးတာလဲ...သေချင်းဆိုးလေး...လူကအရွယ်မရောက်သေးဘူး..ငါ့ကိုစောက်ဖက်မလုပ်တဲ့အချိုးနဲ့.."
ဗွမ်းးးး
"မှတ်ပြီလား..ဟမ်."
ဗွမ်းးးးး
မွန်းလိုက်တာ...အသက်ရှုလို့မရတော့ဘူး...ကယ်ကြပါ..တယောက်ယောက်။အသက်ရှုလို့ရအောင်ကယ်ကြပါဦးဗျာ..။တား...တားပေးကြပါ။
အတွေးတွေနဲ့ လုံး လည်ချာလည်လိုက်ရင်း...သတိတွေကလဲ ..ရေထဲရောက်သွားလိုက် ..
ဘယ်သူ့ဆီမှန်းမသိ အကူအညီတောင်းနေမိလိုက်နဲ့။"ဟဲ့ဟဲ့..ထွန်းသိုက်ရယ်..ကလေးကိုသေကုန်ပါ့မယ်ဟဲ့...”
တခွန်းမေးလိုက်..ရေထဲ ဂုတ်ကနေ ခေါင်းကို ကိုင်ကိုင်ပြီး နှစ်နေတဲ့လူကြောင့်..ဒေါ် သန်းမေ မကြည့်ရက်ပဲ ပြေးဆွဲရတော့တယ်။
ရေမွန်းနေရင်းဒေါ်လေးသန်းမေအသံကြောင့်..သူအားတတ်သွားမိသည်။
ဒေါ်လေးသန်းမေဆိုတာ ခေါင်းရင်းအိမ်က သူအရိုက်ခံရတိုင်း..လာဆွဲပေးဖော်ရတဲ့ တဦးထဲသော သူ့ရဲ့ကယ်တင်ရှင်ကြီးပေါ့။တခြားလူတွေကတော့....။"ခင်များကြီးနဲ့ဘာဆိုင်လို့လဲ..စောက်အဖွားကြီး..ကျုပ်ခင်များသားမဟုတ်ဖူး..လီးမို့လာတားနေတာလား..ဒီသေချင်းဆိုးကို ဒီလောက်သနားတတ်နေရင် ခင်များအိမ်ခေါ်ထားလိုက်လေ..”
YOU ARE READING
အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါ
Romance(မုဏ်းမခမောင်) (မင်းမြတ်အခရာ )