"ကိုကို..ဒိနေ့လေ..ကိုကိုကိုစတဲ့ကောင်တွေကို...ညီညီ ပညာပေးခဲ့တယ်သိလား...ကိုကိုမမြင်လို့ သူတို့မျက်နှာကြီးတွေဆို.. ခရမ်းသီးကြီးတွေ ကျနေတာပဲ..ဟ ဟား..."
အိမ်ပြန် ရောက်တာနဲ့ မခက အခန်းဆီ အပြေးအလွှားသွားကာ သူ့အကို ဖြစ်သူကို ရှာတော့သည်။
ပေါင်ပေါ် အတင်းတိုးဝှေ့တတ်လာရင်း ပျော်မြူးစွာ စမြှပ်ပြန်နေတဲ့ ဘဲပေါက်ကြောင့် မင်းမြတ် မျက်လုံးတွေ ဝိုင်း သွားသည်။သူ့ကို မော့ကြည့်ရင်း မျက်လုံးေလးတွေ ကြယ်လေးတွေလို တောက်ပ နေတဲ့ အထိ ပြုံးပြ နေတဲ့ ပေါက်စကြောင့် ဘာမှန်းမသိနိုင်တဲ့ အနွေးဓာတ်လေး တခု သူ့ ရင်ဘက်ထဲ စီး၀င်လာသလို ခံစားလိုက်ရပြီး သူ့မျက်၀န်းတွေ မသိမသာ နူးညံ့သွားလေသည်။
"ကိုကိုကလဲ..ကျောက်ရုပ်ကြီးကြနေတာပဲ..သူတို့ ပြောနေတာကိုကိုမကြိုက်ရင်.. မကြိုက်ကြောင်း ပြရမှာပေါ့..နောက်တခါဆိုပြန်ထိုးပြစ်..ညီတို့ဖွား လိုက်ရှင်းပေးလိမ့်မယ်..ညီညီပြောတာကြားလားလို့။ညီညီတော်တယ် မှတ်လား "
ချီးကျူးခံ ချင်နေပုံနဲ့ ကြည့်လာ သည့်မျက်၀န်းလေးတွေကြောင့် သူ
ခေါင်းအသာ ငြိမ့်ကာ အသံ ပြုလိုက်တယ်။"အွန်း။မခေလးက အရမ်းတော်တယ်။ကိုကို့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးနော်"
သူရုပ်တည် ကြီးနဲ့ ပြောနေရင် တောင် မခကတော့ ချီးကျူးစကားဖြစ်နေသ၍ စိတ်ကျေနပ်နေဆဲ ပင်။
သူစကား ဆုံးတာနဲ့ သဘောတကျ ရယ်သံ တိုးတိုးလေးတောင် ထွက်လာသေးတယ်။
နေမကောင်း တာမို့ အိမ်မှာပဲ ခွင့်ယူပြီး စာလုပ်နေတဲ့ ကလေးဆီ သွားရှုပ်နေတာမို့
ဦးထူး..သခင်လေးမခကို မြန်မြန် ပြန်ခေါ်ဖို့ ကြိုးစားမိသည်။မခလေးက ငယ်သေးလို့မသိနိုင်သေးပေမဲ့..တကယ်တော့ မင်းမြတ်မှာက စိတ်ခံစားမှု့ကို သေချာနားမလည်နိုင်တော့တဲ့ စိတ်ရောဂါကိုလဲခံစားနေရတာပင်။အိမ်ရောက်ပြီး ၂နှစ်အတွင်း တချက်မှ မရယ်မပြုံး..နာရင်တောင် မျက်နှာသေနဲ့ မငို လို့ ဆေးရုံပြေးပြ ခဲ့တော့...ငယ်ငယ်ထဲက စိတ်ဒဏ်ရာ တွေကြောင့် ခံစားချက် ထုပ်မပြတတ်တော့မှန်း..တအိမ်လုံးသိလိုက်ရတယ်..သခင်လေးမခက လွဲလို့ပေါ့။ဒါကြောင့် သူ့အကို ကို ကျောက်ရုပ် ကြီးလိုပဲ လို့ ပြောနေတော့တယ်။"မခလေး..ကျောင်း အကျီလဲမယ်လေ လာလာ..မမကြီးတွေ့ရင် ဆူခံနေရဦးမယ်"
"ကိုကို ညီညီအကျီ်သွားလဲ လိုက်ဦးမယ်.. ပြီးရင် စာလာ ကျက်မယ်နော်.."
ပြောပြီးတာနဲ့..ဘဲပေါက်က သူ့အခန်းဆီ တဟုန်ထိုးပြေးတော့တာမို့..သူလဲသူ့အိမ်စာ အမြန်လက်စသတ်ဖို့ ကြိုးစားရတော့သည်။ဒါမှ..ဘဲပေါက်လာရင်စာကောင်းကောင်းပြပေး နိုင်မှာလေ။
...................................................
YOU ARE READING
အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါ
Romance(မုဏ်းမခမောင်) (မင်းမြတ်အခရာ )