"မမကြီး..မမကြီး...”
"ဟဲ့..အလန့်တကြား..ဘာဖြစ်တာလဲ..”
"ဟို..ဟီုကလေးလေးလေ..ခြံထဲက အမှိုက်တွေ လိုက်ကောက်နေလို့..တကယ်တော့ မနက်အစောကြီး ထဲက သူဟင်းချက်ဖို့ လုပ်နေတာ..ကျွန်မအတင်းပြန်လွှတ်လိုက်တော့..အခန်းပြန်သွားပြီပဲ ထင်နေတာ..အခု မှ ခြံထဲ ရောက်နေမှန်းသိတယ်..”
မောင်သော်က က အလုပ်ကိုသွားပြီမို့...သူတယောက်ထဲ မနက်သာ ဆက်စားနေမိတုန်း ကြားလိုက်ရတဲ့
ထမင်းချက်ဒေါ်တူး စကားကြောင့် ဒေါ်သက်ထား သက်ပြင်းသာ ချလိုက်မိရင်း"ကလေးက..လူမှန်းသိထဲက သူများမျက်နှာကြည့်..သူများ ခိုင်းတာလုပ်ပေးပြီးနေခဲ့ရတော့..အခုလဲ..တို့တွေရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်နေတယ်ထင်ပါ့..ကဲ ကဲ သွားသာ ခေါ်ခဲ့ စမ်းပါဟယ်”
ဒေါ်သက်ထား စကားအဆုံး ဒေါ်တူးအပြေးအလွှားထွက်သွားပြီး..တအောင့်ကြာတော့..ကလေးနဲ့အတူ ပြန်ရောက်လာလေသည်။
"သား..ဒီမှာ..ဖွားကိုကြည့်စမ်း...”
သူ့စကားကြောင့်..ကိုယ်လေးရို့ပြီး ေခါင်းငုံ့နေသူလေးက မရဲတရဲ မော့ကြည့်လာတာမြင်တော့ သနားစိတ်တို့က တဖွားဖွား...။
"အင်း...လာ..ဒီမှာလာထိုင်..”
သူ့စကားအတိုင်းဘေးမှာ လာထိုင်တဲ့ကလေးကို..ခေါင်းလေးတချက်ပွတ်ပေးရင်း
"သားငယ်..ဖွားမေးမယ်..ဖြေစမ်း..အရင်နေရာကို ပြန်သွားချင်လား...”
သူ့အမေးအဆုံးမှာ မျက်လွှာ ချထားသူ လေးက သူ့ကို ငေးဆိုက်ကြည့်နေပြီး ရုပ်တည်ကြီးနဲ့ ဖြေတယ်။
"ကျွန်တော်...ကျွန်တော့်ကို ပြန်မပို့ပါနဲ့...ကျွန်တော် ဘာ အမှားလုပ်မိလို့လဲ..ပြင်ပါ့မယ်..နောက်မလုပ်တော့ပါဘူး...”
တောင်းပန်သံတွေက မသိမသာ တုန်ခါနေရင်း..နှုတ်ခမ်းတွေကလဲ တဆက်ဆက်။သို့ပေမဲ့..မျက်နှာက တည်မြဲ တည်နေသူကြောင့်..ဒေါ်သက်ထား မျက်မှောင်တို့ တွန့်ချိုးသွားရတယ်။
ဒီကလေးက..တခုခုတော့မှားနေသလိုပဲ။
"အင်း..မင်းအမှားကဘာလဲ ဆိုတော့..အိမ်အလုပ်တွေ လုပ်နေတာပဲ..။သေချာနားထောင်..ခုကစပြီးမင်းလုပ်ရမှာက..စာကိုကြိုးစားရမယ်..အစားကောင်းကောင်းစားရမယ်..ကောင်းကောင်းအိပ်ရမယ်..လေ့ကျင့်ခန်း တွေ လုပ်ရမယ်..ခေါင်းကို အမြဲမော့ ချီထားရမယ်..ဘယ်သူ့ကို မဆို စူးစူးရဲရဲ စိုက်ကြည့်ရမယ်..
ပြီးတော့..ညီလေး မခကို ချစ်ရမယ်..ဒါတွေ ထဲက တခုလောက်ပဲ ဖြစ်ဖြစ်..မင်းမလုပ်နိုင်ဘူးဆိုရင်တော့..မင်းရဲ့ အရင်နေရာကို အဖွားတို့ပြန် လွှတ်ရမှာပဲ..ဘယ်လိုလဲ..လုပ်နိုင်လား”"လုပ်နိုင်ပါတယ်..ကျွန်တော်လုပ်နိုင်ပါတယ်”
လေသံ လေး မြှင့် ပြီးအားတတ်သရော ပြောနေသူကြောင့် ဒေါ်သက်ထားပြုံးလိုက်မိချိန်..
"ဖားဖား..ကလေးနိုးပြီ..လာထော်ပါ”
လှေကားရင်းကနေ အသံ ပြဲနဲ့အော်နေတဲ့ ဘေ ဘီပေါက်စလေးက အဝါရောင် ဘဲ အကျီ်လေးနဲ့ မို့..အရုပ်ကလေး တရုပ်လိုပင်..မြင်ရသူတိုင်း အသဲ တယားယားဖြစ်စေသည်။
"ဖားဖား...ဘေ ဘီလေး တိုတိုနဲ့ တူတူ အစ်ချင်တယ်..အာ့ ကုတင်ချွေ့ပေးပါနော်..”
"အံမား..ဘေ ဘီပဲ ပြောတော့ တယောက်ထဲ အိပ်မှာ..လူကြီးလောင်းလေးတွေက သတ္တိရှိရတယ် တယောက်ထဲ အိပ်ရဲရတယ်ဆို..”
"ဘေ ဘီက လူကြီးလောင်း လေး မို့ တတ္တိချိပေမဲ့..တိုတိုက ကလေးလေးမို့ယို့..ကြောက်ပြီး..အိမ်မက်ချိုးတွေ မက်တယ်လေ ဖားဖားရဲ့..တနားပါတယ်..ဘေ ဘီ တိုတို့ကို ကောင်းကောင်းအစ်နိုင်အောင်ကာကွယ်ပေးရမယ်”
"အမလေးတော်..ဖြစ်ပြန်ပြီ..ခစ်ခစ်..ကုတင် ရွှေ့ခ ကရော..ဘာပေးမှာလဲ..”
အဖွားဖြစ်သူစကားကို ဘေ ဘီက လက်ညိုးထိပ်လေး ကိုက်ရင်း စဥ်းစားနေဟန်ပြုကာ...
"ဘေ ဘီ..ဘေ ဘီလေးရဲ့..ဖားရုပ် ချု့ဘူးလေး ပေးမယ် လေနော်”
ဘေ ဘီ့စကားကြောင့် ဒေါ်သက်ထားမေ ပင် အံ သြသွားရတယ်။အဲ့ဖားရုပ် စုဘူးလေးက သူကြီးလာရု် ကမ္ဘာ ကြီးကို ကယ်တင်ဖို့ ဆိုပြီး စုထားတာရယ်..။ဘယ်လိုတောင်းတောင်းမပေး ဘယ်လို ပြောပြောလဲ မခွဲပဲ...စုမြဲ..စုခဲ့တာကို ခုကျ ပေးမယ်ဆိုပါလား..။
အင်း..ဘေဘီက တကယ် ဒီကလေးကိုသဘောကျ ရှာတာပဲ..။ရွယ်တူအဖော် မို့ခင်မင်သည်လား..။အထီးကျန်နေခဲ့တာပေ ပဲလား..။
မိတဆိုး မြေးလေးကို သနားစွာနဲ့ပင် ကတိပေးလိုက်ရတော့တယ်
"အင်းပါ..ဘေ ဘီရယ်..ဘေ ဘီလေးသဘောအတိုင်း ဖြစ်စေရမယ်နော်”...
YOU ARE READING
အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါ
Romance(မုဏ်းမခမောင်) (မင်းမြတ်အခရာ )