အပိုင်း ၇

406 39 0
                                    

"တိုတို...ဂွတ်ညပါ.."

အိပ်ရာဝင် အကျီလေး နဲ့ ပေါက်စကို လှမ်းခေါင်းငြိမ့် ပြကာ မင်းမြတ်တဖက်က အိပ်ရာ ထဲ ဝင်လှဲလိုက်သည်။ခုတော့ ဘဲပေါက်ရဲ့တောင်းဆိုမှု့နဲ့ သူ့အခန်းထဲ ကုတင်တလုံးတိုးလာလေ ပြီ။

ဘဲပေါက်က အလှကြိုက်ရဲ့နဲ့ ဘာမှမရှိတဲ့ သူ့အခန်းထဲ တကယ်ပြောင်းလာ မယ်လို့တောင်မထင်ထားမိ။

ဘဲပေါက်ရဲ့ အခန်းထဲမှာဆို နံရံတွေက အစ ကာတွန်းရုပ်ကလေးတွေ အပြည့်နှင့်ပင်...အရုပ်တွေဆိုလဲ အပြည့်..။

အခု သူ့အခန်း ရဲ့ ဟိုဟို ဒီဒီနေရာတွေ မှာတော့ ထိုကလေး အရမ်းကြိုက်ရှာတဲ့ အရုပ်ကလေး ၃ ၄ရုပ်က နေရာ ယူနေခဲ့ပြီ။

"တိုတို အိမ်မက်ချိုးတွေ မက်ရင် ဘေ ဘီ့ကို လှမ်းခေါ်နော်"

လှမ်းသာပြောနေတာ အခန်းတောင့်တွေ လှမ်းကြည့်ရင်း ကြောက် နေပုံရတဲ့ ဘဲပေါက်စကြောင့် သူရယ် ချင်သွားတယ်။အခန်းသစ်မို့ စိမ်းပြီး ကြောက်နေပုံပဲ။

"အင်း..ကို..အဟမ်း...
ကိုကို ကြောက်လို့ ဒီဘက်လာအိပ်ပေးမလား..."

စကားမပြောပဲ...နေလာတာကြာပြီမို့..စကားတခွန်း ၂ခွန်းပြောထွက်ဖို့ကို ပင် သူမနည်းအားယူနေရသည်။ ဒီလို စကားမျိုးဆို ပိုတောင် ဆိုးသေး...။

ကြောက်တာလား...။သူငယ်စဥ်တုန်းကရော ကြောက်ခဲ့ ဖူးသလား..။ပြန်စဥ်းစားကြည့်ပေမဲ့ အ​ဖြေတော့ရှာမတွေ့ချေ..။ဘယ်အချိန်က စပြီး..မှောင်မိုက်နေတဲ့ ဂိုထောင်ထဲ အိပ်ရတာကို အသားကျလာခဲ့တာလဲ..။သူသေချာမ မှတ်မိတော့ပေ...။ဖြစ်နိုင်တာက မ မှတ်မိနိုင်လောက်အောင် သူအရမ်းငယ်နေ သေးချိန်ထဲက အသားကျသွားခဲ့တာ ဖြစ်လောက်သည်။

အတွေးထဲ မျောနေတုန်းပြန်ဖြေလိုက် သံနဲ့ အတူ ပေါက်စက ပျော်မြူးစွာ ချက်ချင်းပင် ကုတင်ကူးလာတော့သည်။ သူ့လက်သေးသေးလေးတွေက မင်းမြတ် ခေါင်းပေါ်မှာ။လက်ချောင်းသေးသေးလေးတွေက ရုတ်တရက် သူ့ဆံပင်တွေထိုးဖွလာတော့ မင်မြတ် မျက်လုံးတွေ ဝိုင်းသွားမိတယ်။

သူ့မျက်နှာရိပ်မျက်နှာကဲကို သိနေသည့်အလား သူ့ထက် ၄ နှစ်‌ေလာက် ငယ်တဲ့
ဘဲပေါက်လေးက ရှင်းပြသလိုလိုလေသံနဲ့

အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါWhere stories live. Discover now