အပိုင်း၃ ကတိကဝတ်ပြုခြင်း

614 43 0
                                    

"ကဲပါအမေရယ်..ဘေဘီလဲ မင်းမြတ်လေးကိုသဘောကျတာပဲဟာ..အဖော်ရပါတယ်..မွေးလိုက်ပါ"

သမက်ဖြစ်သူ..ဦးသော်က ကပါ ထပ်နားချလာသည်မို့..ဒေါ်သက်ထားမေ သက်ပြင်းချလိုက်ရင်း...

"ကောင်းပြီလေ....ဒီမှာကောင်လေ..အဘွားကိုကြည့်..အဖွားမင်းကို..ဘေဘီလေးနဲ့တူတူကျောင်းထားပေးမယ်..ကျွေးမွေးမယ်...အဝတ်အစား ကအစ တန်းတူထားမယ်..အေး..ဒါပေမဲ့..သားဘက်က အဖွားကို ပြန်လုပ်ပေးရမှာ ၃ခုရှိတယ်။တစ်..အမွေတွေက လုံးဝ မင်း
နဲ့မသက်ဆိုင်တာသိထားရမယ်။နှစ်.
ဘေဘီလေးကို သေတဲ့အထိစောင့်ရှောက်
ရမယ်။သုံး...တကယ်လို့ တနေ့နေ့မှာ..အဖွားတို့ဘက်ကသာ တောင်းဆိုလာရင်..သားတတ်နိုင်တာဆို..သေချာပေါက် လိုက်လျောပေးရမယ်"

"ဟာ..အမေရယ်..ဒီအရွယ်ကလေးကို..ဒါတွေ ပြောတော့..ကလေးက ဘာသိမှာလဲ။ "

"ဟဲ့..သိသိမသိသိ.. ပြောသင့်တာ ပြောရမှာက..ငါ့တာဝန်လေ"

ဒေါ်သက်ထားမေ ဆိုတာ..စီးပွားရေးကိုမိန်းမတန်မဲ့ဦးဆောင်ခဲ့သူပေပဲမို့..လူကဲခတ်မညံ့ပါ။ဒီကောင်လေးမှာ..လောကဓံရိုက်ပုတ်မှု့ကြောင့်..ကလေးစိတ်ကလေးအတွေးတွေ ရှိမနေတာ့ဘူး ဆိုတာ..သူမ ကောင်းကောင်းသိတာပေါ့...။

သူမစကားကြားတော့..ခေါင်းငုံ့နားထောင်နေတဲ့ ထိုကလေး
ဆီက စူးစူးရဲရဲ အကြည့်တွေက သူ့ဆီရောက်လာသည်။

"စိတ်ချပါ..ကျွန်တော် ကျေးဇူး ကြွေးမမေ့ပါဘူး

ဒေါ်သက်ထား..တည်ကြည်စွာပြောလာတဲ့..ကလေးငယ်ကိုကြည််ရင်းခေါင်းတငြိမ့်ငြိမ့်လုပ်မိတယ်။ဒီကလေးက...ကလေးတယောက်နဲ့ကိုတူမနေတော့တဲ့ပဲ။ကလေးတယောက်က လိုတာထက်ပိုပြီးကို တည်ငြိမ်နေတာများ...ကြောက်ဖို့တောင်ကောင်းတယ်။သော်က ကိုမေးမြန်းကြည့်ပြီးရင်တော့..တခုခုတော့စီစဉ်မှဖြစ်လိမ့်မယ်။

..............................................
"သား...ဒါလောလောဆယ် မင်းနေရမဲ့အခန်းပဲ...ဟိုဘက်က..သားညီလေးအခန်း..ဘေ ဘီလေးနာမည်က.. မုဏ်းမခမောင်တဲ့..အမုန်းတွေ မကျရောက်အောင် ဆိုတဲ့အဓိပ္ပယ်
နဲ့ပေးထားလေ..ညီလေးကချစ်ဖို့ကောင်းတယ်မှတ်လား.."

အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါWhere stories live. Discover now