အပိုင်း (၅ )ခံစားချက် မဖွင့်ဟ ပြတတ်သောရောဂါ

651 50 6
                                    

"မ..မလုပ် ပါနဲ့...တောင်းပန်ပါတယ်..နာ..နာလို့ပါ...နာတယ်”

ညသန်ခေါင်ကြီး ထွက်လာတဲ့ အသံ သဲ့သဲ့ကြောင့်..နားပါးတဲ့ ဘေ ဘီလေးမခ နိုးလာတော့သည်။
ကလေးပီပီ..မျက်စိ လေးကလယ်ကလယ် နဲ့ သရဲခြောက်သည် ထင်ကာ စောင်ကို မြန်မြန် ခေါင်းမှီးခြုံလိုက်တယ်..စိတ်ထဲမှာတော့..ဒီအသံ ကို ကြားဖူးနေသလိုလို...။

"အာ...တိုတို့ အတံပဲ..တိုတို့ကို ဖားဖားရိုက်နှာယားတိဝူး..။”

အတွေးနဲ့အတူ... မျက်စိ ရှေ့က စောင်ကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သော်လည်း..မျက်စိက ဖိမှိတ်ထားမိဆဲ..။

မက်ချိဖွင့်လိုက်တဲ့ချိန်.. တရဲ ကြီးဖွားခနဲ တွေ့လိုက်ရ ရင်ဘယ်ဘိုလုပ်မရဲ..။ဟုတ်ဖူး...နာက ကြီးလာရင် ကမ္ဘာ ကြီးကို ကာကွယ်မဲ့ ချူပါမန်း လုပ်မှာ..။တတ္တိချိကမယ်။

အတွေးလေးနဲ့..ဇွတ်မှိတ်ထားတဲ့ မျက်စိလေးတဖက်အသာ မှေးဖွင့်ပြီး..အခန်းထဲ ဝေ့ကြည့်မိသေးသည်။

ဘားချိဝူး..။ဒါဆိုတိုတို့ချီ သွားကယ်ရမယ်...

ကုန်းရှုံးထပြီး..ကိုကို့ဆီပြေးသွားလေတော့..မြင်လိုက်ရတာက...
မျက်ရည်တွေ ကျရင်း အိပ်နေရှာတဲ့..သူ့ကိုကိုအသစ်ချွတ်ချွတ် ကြီးရယ်..။
ကုတင်ပေါ်မမှီမကမ်း..ကုပ်တတ်လိုက်ရင်း မျက်နှာနားကပ်ကြည့်တော့ ကိုကို့ပါးစပ်ကနေ

."မ..မလုပ်ပါနဲ့..သား..သားကြောက်လို့ပါ..တံခါးဖွင့်ပေးပါ..အမှောင်ထဲ မပိတ်ထားပါနဲ့..သား ဘူးခွံ တွေ လိုက်ကောက်ပေးပါ့မယ်...ပန်းကန်တွေ လဲနောက် မကွဲအောင်ဆေးပါ့မယ်..ဖွင့်ပေးပါ...ဖွင့်ပေးပါ..အီးးးး”

ဘယ်သူမှ ပိတ် မထားပဲ... ဘာကို ဖွင့်ခိုင်း နေမှန်း..ဘေ ဘီလေး မခ ခင်မျာ..သူရဲ့ကွမ်းသီးလုံးလောက် ဦးနှောက်လေးနဲ့ ဖြစ်ညစ်စဥ်းစားပေ မဲ့နားမလည်ရှာ...။စဥ်းစားရင်းနောက်ဆုံးတော့...မျက်စိပွင့်မလာတဲ့ မင်းမြတ်ကို ကြည့်ရင်း..သဘောပေါက်သွားတော့တယ်..

"တိုတိုကအိမ်မက်ချိုးတွေ မက်နှာပဲ.။ကျွတ်ကျွတ် ကျွတ်ကျွတ်,.. နိုနပ်နိုနပ် တစ်တစ်..ဘေ ဘီလေးရှိတယ်နော်”

ပြောလဲပြော..မင်းမြတ်ခေါင်းကိုလဲ..သူ့လက်သေးသေးလေးတွေနဲ့ ပွတ်ပေးနေရှာတယ်။သူ့အဖွားက သူငယ်ငယ်က အတူတူအိပ်တဲ့အခါ အိမ်မက်ဆိုး မက်တိုင်း ဒီလိုပဲ ခေါင်းပွတ်သိပ်ပေးသည်လေ..။
မျက်ရည်တွေ ကျနေသေးပေ မဲ့ ထပ် မယောင်တော့တဲ့..မင်းမြတ်ကို ကြည့်ရင်း..သူပါ အိပ်ချင်လာတာမို့ မင်းမြတ်ဘေး ဝင်လှဲလေတော့တယ်။ လက်ကလေး ကတော့...တာဝန်ကျေရှာ ပါတယ် သူ မအိပ်ပျော်မချင်း ပွတ်သပ်မြဲ ပွတ်သပ်လို့...။

သူတို့ ၂ယောက်လုံး တိတ်ဆိတ် အိပ်ပျော်သွားချိန်မှာတော့..သူတို့အခန်းထဲ..ဦးသော်က ရောက်လာခဲ့ပါသည်။သူတို့ ၂ ယောက်အတူ အိပ်နေတာ မြင်သောအခါ..အံ့သြ မဆုံးတဲ့ မျက်လုံး တွေ နဲ့ ခန မျှစိုက်ကြည့်နေမိသေးတယ်။ပြီးတော့မှ စောင်သေချာ ခြုံပေးရင်း တိတ်တဆိတ် ပြန်ထွက်သွားတော့သည်။
....................................................

"ဘာရယ်... ဘေ ဘီက မင်းမြတ်အခန်းမှာ သွားအိပ်တယ်..အမလေး..အဆန်းပါ့လား..အဲ့ ဘယ်သူနဲ့မှ မအိပ်ချင်ပါဘူးဆိုတဲ့..ကြီးကြီးကျယ်ကျယ်လေးကလေ..။”

ဒေါ်သက်ထား စကားကြောင့် ဦးသော်က ရယ်မိတော့တယ်..
ဟုတ်လဲဟုတ်တာပင်...ကာတွန်းကားတကားကြည့်ရင်း အခန်းတခန်းတွင်သပ်သပ် အိပ်တဲ့ ကလေးကို မြင်သွားပြီး မေးမြန်းစပ်စုတာမို့.လူကြီးတွေက (ဒါက ကလေးတွေကို သတ္တိရှိအောင် သင်ပေးတာ ဖြစ်ကြောင်း..သတ္တိရှိမှ ကြီးလာရင် ကမ္ဘာကြိးကို ကယ်တင်နိုင်မှာဖြစ်ကြောင်း..ရဲရင့်တဲ့ကလေးတွေသာတယောက်ထဲ အိပ်ရဲတာ ဖြစ်ကြောင်း ပြောမိလိုက်ထဲက.. ဘေဘီက ဗွေဖောက်ကာ တယောက်ထဲ အိပ်ခွင့်ရဖို့ ခြေစုံကန် ကောက်တော့တာလေ။

လူကြီးတွေကတော့ အရွယ် နည်းနည်းရောက်လာရင် အခန်းခွဲ သိပ်လွယ်အောင်ပြောလိုက်တာ ဆိုပေမဲ့..သိပ်လူကြီးဖြစ်ချင်နေတဲ့..ဘေ ဘီမခ ကတော့ ၄နှစ် ကျော်ကျော်နဲ့တင် ဂျီတိုက်ပြီး..သူ့အတွက် အခန်းတောင်း လေတော့တယ်

အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါWhere stories live. Discover now