အပိုင်း၈

493 42 10
                                    

၃နှစ်ကြာပြီးနောက်...။

မုဏ်းမခမောင် ..(၈
နှစ်အရွယ် ၃တန်း )

မင်းမြတ်အခရာ..(၁၂နှစ်အရွယ် ၅တန်း )

"မ..မမကြီး...ကျောင်းမှာ..သခင်လေး ရန်ဖြစ်လို့တဲ့..ခုပဲ ကျောင်းက ဖုန်း"

"ဘာ....ရန်ဖြစ်တယ်..ဘုရားဘုရား..မြေးလေးက ပျော့တိပျော့ဖက်လေးရယ်..တခုခု များထိခိုက်မိရင်.. ကိုယ်ကျိုးတွေတော့ နည်းကုန်တော့မှာပဲ...ချက်ချင်း
ကားပြင်ထားစမ်း"

ဒေါ်သက်ထား  ထွက်လာရင်း..လမ်းမှာလဲ..စိတ်ပူလွန်းလို့စကားတွေက..တတွတ်တွတ်..။

"မြေးလေးက ချွဲတယ် နွဲ့တယ်ဆိုပေမဲ့..ရန်ဖြစ်တတ်တဲ့ကလေး မဟုတ်ဖူးရယ်..အခုငါ့မြေးလေး..ဘာတွေများထိခိုက်မိကုန်ပြီလဲမသိပါဘူး..ဟဲ့..ငထူး..နင့်ကားက လိပ် သွားတာကို စလိုးမိုးရှင်းနဲ့ပြနေသလားအောင့်မေ့ရတယ်
.မြန်မြန်မောင်းစမ်းပါ"

"ဟုတ်..ဟုတ်ကဲ့မမကြီး..သိပ်လဲစိတ်မပူပါနဲ့..သခင်လေးဘာမှမထိခိုက်ဖူးလိူ့ ဆရာမကြီးကပြောပါတယ်"

"ဟဲ့ပြောလိူ့ရမလား..သူတို့အပြစ် ဖြစ်မှာဆိုးလို့နေမှာပေါ့...ဟိုရောက်လို့ ငါ့မြေးလေး လက်တချောင်းလေးပဲ ယောင်နေကြည့်..လုပ်တဲ့ဟာလေးတွေကို လက် ပြန်ချိုးရမှကျေနပ်မယ်...ဟင်း"

ဦးထူး..ဘာမှပြန်မပြောရဲတော့ပဲ..အသာ ငြိမ်နေလိုက်ရတော့မယ်။
သူ့အဖွားက သဲသဲ...သူ့မြေးက
ကဲကဲရယ်..။ဒီမြေးအဖွားနဲ့တော့ ဟုတ်တော့ဟုတ်နေပါပြီ ။

"မြေးလေး..မြေးလေး...ဖွားမြေးလေး..ပြစမ်း..ဘယ်ထိသွား သေးလဲ..."

ကျောင်းဝန်းထဲ ကားရောက်တာနဲ့ ဝုန်းခနဲ ကျောင်းအုပ်ကြီးရုံးခန်းထဲ ရောက်သွားသူက...အသက်နဲ့မလိုက်တဲ့ ၆၅ နှစ်အရွယ် ဒေါ်သက်ထား  ရယ်ပေါ့...။မြေးဖြစ်သူကို ပြူးပြဲ ကြည့်နေရင်း..အတင်းမေးလိုက်တော့..ကိုယ်တော်လေးက ဟဲခန ပါးချိုင့်လေးတွေ ခွက်နေအောင်ပြုံးပြလာကာ

"ဘားပူနဲ့ဖွားဖွား..ကျွန်တော် အရင် ဦးအောင်ဆော်လွှတ်လိုက်တာ

"ဘာ...မြေးလေး ...ဖွားကိုမလိမ်စမ်းနဲ့ ။ကြောက်လို့လား။အမှန်အတိုင်းရဲရဲပြော..မြေးကို ဘယ်သူမှ မထိစေရဘူး ဖွားဖွားရှိတယ်"

အမုန်းမဲ့ရင်ခွင်အတွင်းသို့သက်ဆင်းခွင့်လေးပေးလှည့်ပါWhere stories live. Discover now